ဒီနေ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ CK United အသင်းက Охотники ကို ၄ ဂိုး၊ ဂိုးမရှိနဲ့ အနိင်ရရှိခဲ့ပါတယ်… Охотники အသင်းဟာ ပွဲစဉ် ၃ နဲ့ ပွဲစဉ် ၅ နစ်ပွဲစလုံးမှာ ရှုံးနိမ့်ထားတဲ့ အသင်းဖြစ်ပါတယ်… CK United အသင်းကတော့ အရင်ပွဲစဉ် ၂ ခုမှာ ၁ ပွဲရှုံး ၊ ၁ ပွဲ သရေ ရရှိထားတဲ့အသင်းဖြစ်ပါတယ်.. ဒီနေ့ပွဲစဉ်မှာ CK United အသင်းဟာ ဗိုလ်ပွဲသို့တက်ရောက်ရန်မျှော်လင့်ချက်ကလေးနဲ့ ပွဲစဉ်စကတည်းက တစ်ဖက်သင်းကို ဖိအားပေးကစားခဲ့ပါတယ်.. ပွဲစဉ်စပြီး ၂ မိနစ်ကျော်ကျော်မှာပဲCK ရဲ့ အရှေ့တန်းတိုက်စစ်မှူး ညီညီအောင်က ဖွင့်ဂိုးကို သွင်းယူခဲ့ပါတယ်. ဒီဂိုးဟာ ပွဲစဉ်တစ်လျှောက်လုံးရဲ့ မြန်ဆုံးသွင်းထားတဲ့ ဂိုးဖြစ်ပါတယ်.. နောက်၁၅ မိနစ်မှာပဲ ဆက်တိုက်ဆိုသလို ညီညီအောင်ကပဲ လှလှပပကန်သွင်းခဲ့ပါတယ်… ပထမပိုင်း မိနစ် ၃၀ ကို ၃ ဂိုး၊ ဂိုးမရှိနဲ့ ပြီးဆုံးခဲ့ပါတယ်… ဒုတိယပိုင်းမှာ CK United အသင်းက ဒေးဗစ်သောင်းအစား သန်းနိင်စိုးက ၀င်ရောက်ကစားခဲ့ပါတယ်… ဒုတိယပိုင်း ၁၀ မိနစ်လောက်မှာပဲ လူစားလဲ ၀င်လာတဲ့ သန်းနိင်စိုးက ထောင့်ကန်ဘောမှတစ်ဆင့် လှလှပပ ခေါင်းတိုက်သွင်းယူခဲ့ပါတယ်…. အခုပွဲမှာ CK United အသင်းက ၄ ဂိုး၊ ဂိုးမရှိနဲ့ အနိင်ရလိုက်တဲ့ အတွက် ဗိုလ်လုပွဲသို့တက်ရောက်ရန် မျော်လင့်ချက်လေးရရှိလာပါပြီ..
မနက်ဖြန် ကစားမည့် ပွဲစဉ် ရဲ့ ရလဒ်ပေါ်မှာလဲ မူတည်နေပါသေးတယ်…. မနက်ဖြန်ပွဲစဉ်မှာ Danger FC အသင်းက BE FC အသင်းကို အနိင် သို့မဟုတ် သရေ ကစားမယ်ဆိုရင်အဖြစ် CK United အသင်း ဟာ ပွဲစဉ် ၁၀ မှာ BE FC နင့်ထိပ်တိုက်တွေ့ဆုံရမည်ဖြစ်ြပီး BE FC အသင်းကို အနိင်ကစားနိင်ပါက ဂိုးကွာခြားချက်နဲ့ ဗိုလ်လုပွဲသို့တက်ရောက်နိင်မှာဖြစ်ပါတယ်… BE FC အသင်း ဟာ ၂ ပွဲကစား ၂ ပွဲ နိင်ထားပြီး ၆ မှတ် ရရှိထားတဲ့ ဒုတိယနေရာက အသင်းဖြစ်ပါတယ်…
မနက်ဖြန်ပွဲစဉ်မှာသာ BE FC အသင်းက Danger FC အသင်းကို အနိင်ကစားလိုက်ရင်ဖြစ် CK United အသင်းဟာ အလိုအလျှောက် အုပ်စုမှ ထွက်ခွာသွားရမှာဖြစ်ပါတယ်.. Danger FC အသင်းကလဲ အရှုံးပွဲမရှိ ဂုဏ်လေးကို ဆက်ထိန်းထားမယ်ဆိုရင်တော့ CK United အသင်းအတွက် မျှော်လင့်ချက်ကောင်းလေးဖြစ်လာမှာပါ…
ဒါကြောင့် မနက်ဖြန် ကစားမည့် ပွဲစဉ်ရဲ့ ရလဒ်ကို စောင့်ကြည့် ကြရအောင်လားဗျာ…………..
ရှရှားနိုင်ငံ ကာလုဂါမြို့ မြန်မာကျောင်းသားများ ချစ်ကြည်ရေး နွေရာသီဘောလုံးပြိုင်ပွဲ
Sunday, July 19, 2009
ပွဲစဉ် ၇(၁၉.၀၇.၂၀၀၉) CK United ၄ - ၀ Охотники သုံးသပ်ချက်
Posted by tarkyi at 11:31 AM
Labels: ရလဒ်နင့် သုံးသပ်ချက်များ
0 Comments:
Post a Comment