ရှရှားနိုင်ငံ ကာလုဂါမြို့ မြန်မာကျောင်းသားများ ချစ်ကြည်ရေး နွေရာသီဘောလုံးပြိုင်ပွဲ ကျွန်တော်တို့ ဒီနွေရာသီ ဘောလုံးပြိုင်ပွဲလေးကို ကျင်းပလာတာ အခုဆို ၉ နစ်တိုင်တိုင်ရှိနေပါပြီ.. ဒါပေမယ့် အခုလိုဆိုဒ်လေး နဲ့တော့မတင်ဖြစ်ပါဘူး.. အခုတော့ အမှတ်တရလေးဖြစ်အောင် ဒီဆိုဒ်လေးကိုလုပ်ထားခြင်းဖြစ်ပါတယ်.. ဒီဘောလုံးပြိုင်ပွဲလေးကို ကျင်းပရတာကတော့ ကျွန်တော်တို့ မြန်မာကျောင်းသားများ စည်လုံး ညီညွတ်မူရရှိစေရန် ၊တစ်ဦးနင့်တစ်ဦး ပိုမိုရင်းနှိးပြီး ကူညီရိုင်းပင်းနိင်ရန် စတာတွေအတွက်ဖြစ်ပါတယ်… ပျော်တမ်းဘော်လုံး ပြိုင်ပွဲလို့လဲပြောလို့ရပါတယ်…
အားလုံးကို အထူးကျေးဇူးတင်ရှိလျှက်…

Friday, July 17, 2009

18.07.2009(သောကြာနေ့) အတွက် ပွဲစဉ်အတွက်သုံးသပ်ချက်

မနက်ဖြန်ကစားမယ့် ပွဲစဉ်ကတော့ Danger Fc နဲ့ Royal Fc အသင်းတို့ ဖြစ်ပါတယ်…မနက် ၁၀ နာရီလောက်မှာကစားမယ်လို့ သိရပါတယ်။ Danger Fc က နှစ်ပွဲကစား နှစ်ပွဲနိုင်ထားတဲ့ အတွက် ဗိုလ်လုပွဲ အတွက်လက်မှတ်ကို သေချာသလောက်ရှိနေပါပြီ..Royal Fc ကို သရေကစားနိုင်ရင်တောင်ဗိုလ်လုပွဲ အတွက် သေချာပြီဖြစ်တဲ့ အတွက် အနာတရမရအောင်ထိန်းသိမ်းကစားသွားမယ်အခြေအနေရှိပါတယ်။တဘက်အသင်းကလဲ နှစ်ပွဲကစား တစ်ပွဲသရေ တစ်ပွဲရှုံးထားလို့ 
ရမှတ် ၁ မှတ်တာ ရရှိနေသောအသင်းဖြစ်တဲ့ အတွက်..စိတ်ဓတ်အခြေအနေအရတော့ တစ်သင်းက ဗိုလ်ပွဲအတွက် တစ်သင်းက သိက္ခာဆယ်မဲ့ အတွက် ဘာပဲဖြစ်ဖြစ် ပွဲကောင်းတစ်ပွဲတော့ဖြစ်လာမယ်လို့ မျော်လင့် မီပါတယ်

1 Comment:

Fighter said...

18.07.2009(စနေ) မှာ ကန်ရမယ်. Royal FC Vs Danger FC
တို.အသင်း(၂)သင်းကို ကြိုတင်သုံးသပ်ရမယ်ဆိုရင် Royal FC အသင်း က
CK United အသင်းကို သရေကျခဲ.လို. ယခုပွဲမှာ လုံးဝအမှားခံလို.မရတော.ပါဘူး။
Danger FC ကလည်း Охотники အသင်းကို 2-0 နဲ. အနိုင်ရရှိခဲ.လို.
ယခုပွဲမှာ သရေ ၁မှတ်ရယုံဖြင်. ဗိုလ်လုပွဲတက်ဖို. အခွင်.အလမ်းများနေပါတယ်။
ဒါကြောင်. Danger FC ဟာယခုပွဲမှာ လူငယ်ကစားသမားတွေဖြစ်ကျတဲ.
သန်းဇော်ဝင်း၊စိုလင်းဦး စတဲ.ကစားသမားတွေကို အသုံးပြုနိုင်ပါတယ်။
Danger FC အသင်းရဲ.အသင်းခေါင်းဆောင် ကိုရဲကိုကိုဦး ဟာ ပွဲတိုင်းလိုလို
ဂိုးတွေဆက်တိုက်သွင်းယူနေတဲ.အတွက် Royal FC ရဲ.နောက်တန်းမှုးတွေ
ထိန်းနိုင်ပါ.မလားဆိုတာ စဉ်းစားစရာပါ။ဒါပေမဲ. Danger FC ကလည်း
ယခုပွဲမှာ သရေ ၁မှတ်ရယုံဖြင်. ဗိုလ်လုပွဲတက်ဖို. အခွင်.အလမ်းရှိနေတဲ.အတွက်
ခြေကုန်ထုတ်ကစားဖို.အစီအစဉ်မရှိပါဘူး။နောက်ပွဲစဉ် BE FC နဲ. ဗိုလ်လုပွဲ
အတွက်ခြေချန်ထားမှာပါ။ဒီအခွင်.ရေးကို Royal FC ကအသုံးချတတ်ဖို.တော.
လိုအပ်မယ်လို.ထင်ပါတယ်။ဒီနှစ်သင်းရဲ. ကစားသမားစာရင်းအရ Danger FC က
သာတယ်လို.ပြောလို.ရပါတယ်။ဘာလို.လဲဆိုတော. ဒီအသင်းမှာ ၀ါရင်.ကစားသမား
တွေဖြစ်ကြတဲ. ကိုညီညီလှိုင်၊ကိုကျော်မင်းသိန်း၊ကိုရဲကိုကိုဦး၊ကိုအောင်ဖြိုး စသည်.
ကစားသမားများသာမက 2002-2003 ဘောလုံးရာသီ Portugal - Liga Sagres ရှိ
Sporting Lisbon ကလပ်တွင် C.Ronaldo နှင်.ပခုံးဖက်ကစားလာသော
Danger FC အသင်းရဲ.လူငယ်ကစားသမား သန်းဇော်ဝင်း ဟာ အင်္ဂလန်လက်ရွေးစင်
အသင်းနည်းပြ ကာပယ်လိုက မျက်စိကျပြီးခေါ်ယူဖို.ကြိုးစားခြင်းခံနေရသော
ကစားသမားဖြစ်ပါတယ်။လူငယ်ကစားသမား စိုလင်းဦးဟာလည်း 2008-2009
ဘောလုံးရာသီ စပိန်လာလီဂါ ချန်ပီယံနှင်.Champions League ချန်ပီယံ
ဘာစီလိုနာအသင်းမှ အောင်မြင်မှုများဖြင်.ထွက်ခွာလာပြီး Danger FC အသင်းတွင်
တစ်ပါတ်လုပ်ခ ရူဘယ် (၂၅၀၀)ဖြင်.လာရောက်ကစားနေသော ကစားသမားဖြစ်ပါသည်။
ထိုမျှမကသေးပဲ Danger FC အသင်းရဲ. ဂိုးသမား စည်သူအောင် ဟာဆိုရင်ဖြင်.
England - Premier League ရှိ မန်ယူအသင်းနည်းပြ ဖာဂူဆန်မှ အသင်းရဲ.
ဂိုးသမား ဗန်ဒါဆားနေရာတွင်အစားထိုးရန် ကမ်းလှမ်းခြင်းခံခဲ.ရတယ်လို.လဲ
သိရှိရပါတယ်။Royal FC အသင်းရဲ.ကစားသမားတွေဖြစ်ကြတဲ. ဖြိုးဇော်၊အောင်မိုး
တို.ဟာဆိုရင်ဖြင်. CK United အသင်းနဲ.ကစားအပြီးနေရပ်ဖြစ်တဲ. Gagarin ကို
ပြန်လာရာ သရေကျခဲ.လို.စိတ်ညစ်ရတဲ.အထဲ အဆောင်စောင်.ရဲ. ကုလားထိုင်၊
စားပွဲ၊ထိုင်ခုံ၊ဒန်းလော. ရွှေ.ပြောင်းရေးကိစ္စမှာ ပါဝင်လုပ်အားပေးခဲ.ရသဖြင်.
အတော်ပင် ပင်ပန်းနေကြောင်း Royal FC အသင်းရဲ.ပြောရေးဆိုခွင်.ရသူမှ
ပြောကြားခဲ.ပါတယ်။ဒါ.ကြောင်. Royal FC အသင်းအနေဖြင်. ခြေမှန်နေတဲ.
Danger FC ကိုဘယ်လို တုန်.ပြန်မလဲဆိုတာစောင်.ကြည်.ရပါမယ်။
Royal FC အသင်းအနေဖြင်. သတင်းကောင်းတစ်ခုကတော. Danger FC အသင်းရဲ.
လူငယ်ကစားသမား သန်းဇော်ဝင်း ဟာ Danger FC နဲ.Охотники တို.ပွဲစဉ်မှာ
ချပ်လှန်ထားခဲ.လို. ဆိုပြီး အသင်းရဲ.ပွဲစဉ် ပြီးပြီးချင်း စိတ်နာနာဖြင်.
လေ.ကျင်.ရေးကွင်းတွင် တစ်ယောက်တည်းလေ.ကျင်.ရာ နေပူပြင်းလွန်းသဖြင်.
အပူရှပ်ပြီး ခေါင်းကိုက်နေကြောင်း Royal FC အသင်းရဲ. ပရိတ်သတ်
ယိုးဒယား(ထိုင်း)နိုင်ငံ ဘုရင်မင်းမြတ် ဘူမိဘောအဒူလျာရာဒက်၏ သမီးတော်
မဟာချက်ကရီသီရိဒုံ မှ NHK- သတင်းဠာနသို.ပြောကြားခဲ.ပါတယ်။
ဘာပဲဖြစ်ဖြစ်ဒီပွဲဟာလည်း တကယ်အကြိတ်အနယ်ပွဲဖြစ်မှာ ကျိန်းသေပါတယ်။
ဘာလို.လဲဆိုတော. Danger FC အသင်းဟာယခုပွဲမှာ သရေ ၁မှတ်ရယုံဖြင်.
ဗိုလ်လုပွဲတက်ဖို. အခွင်.အလမ်းများမှာ ဖြစ်သလို Royal FC အသင်းဟာ
လည်းအမှတ်ခွဲပေးလို.ကို မရပါဘူး။ဒီပွဲရလဒ်ကို Danger FC အသင်းက
Royal FC အသင်းကို မရှုံးနိုင်ဘူးလို.ထင်ပြီး Royal FC အသင်းကလည်း
မထင်မှတ်တာတွေလုပ်ပြသွားနိုင်ပါတယ်လို. သုံးသပ်လိုက်ပါတယ်။

Image Hosting by Picoodle.com Image Hosting by Picoodle.com Image Hosting by Picoodle.com
 

|