ရှရှားနိုင်ငံ ကာလုဂါမြို့ မြန်မာကျောင်းသားများ ချစ်ကြည်ရေး နွေရာသီဘောလုံးပြိုင်ပွဲ ကျွန်တော်တို့ ဒီနွေရာသီ ဘောလုံးပြိုင်ပွဲလေးကို ကျင်းပလာတာ အခုဆို ၉ နစ်တိုင်တိုင်ရှိနေပါပြီ.. ဒါပေမယ့် အခုလိုဆိုဒ်လေး နဲ့တော့မတင်ဖြစ်ပါဘူး.. အခုတော့ အမှတ်တရလေးဖြစ်အောင် ဒီဆိုဒ်လေးကိုလုပ်ထားခြင်းဖြစ်ပါတယ်.. ဒီဘောလုံးပြိုင်ပွဲလေးကို ကျင်းပရတာကတော့ ကျွန်တော်တို့ မြန်မာကျောင်းသားများ စည်လုံး ညီညွတ်မူရရှိစေရန် ၊တစ်ဦးနင့်တစ်ဦး ပိုမိုရင်းနှိးပြီး ကူညီရိုင်းပင်းနိင်ရန် စတာတွေအတွက်ဖြစ်ပါတယ်… ပျော်တမ်းဘော်လုံး ပြိုင်ပွဲလို့လဲပြောလို့ရပါတယ်…
အားလုံးကို အထူးကျေးဇူးတင်ရှိလျှက်…

Friday, July 17, 2009

ဆေးပိုင်းဆိုင်ရာ

အခုဆိုရင် ကျွန်တော်တို့ရဲ့ KML league ဘောလုံးပြိုင်ပွဲဟာ ပြိုင်ပွဲကာလ ကြာမြင့်လာသည်နှင့် အမျ ပြိုင်ဆိုင်မှုများ ပြင်းထန်လာသည်နဲ့အပြိုင် ဒဏ်ရာရ ကစားသမားများ များပြားလာသည်ကို တွေ့ရှိရပါတယ်။ ထို့ အတွက်ကြောင့် ပြိုင်ပွဲမစတင်မှီ
တစ်ရက်အလို မှာ ကြံ့ခိုင်မှုများ ဆန်းစစ်ပါမယ်.. :D ဆေးအဖွဲ့ အနေနဲ့ စစ်ဆေးသွားမှာကတော့
၁။ လက်ထောက်မှောက် ( ၁ မိနစ် = အကြိမ် ၆၀ )
၂။ ထိုင်ထ ( ၁ မိနစ်= အကြိမ် ၈၀ )
၃။အိပ်ထမတင် ( ၁ မိနစ် = အကြိမ် ၈၀)
၎။ မီတာ (၁၀၀၀၀ ) အပြေး
စသည် ကြံ့ခိုင်မှုများကို စစ်ဆေးသွားမှာဖြစ်ပါတယ် .. ကြံ့ခိုင်မှု မပြည့်ဝသည့် ကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာ မဟုတ်ပါဘူး
တားမြစ် ဆေးဝါးများ အနေနဲ့ အောက်ပါ တို့ကို တားမြစ်ပါတယ်
၁။ အရက် .( ပါလီမန်. ဘောဂါ . မြှာကော့ )
၂။ဘီယာ ..( ဘော့ချကာ… ကလင်စကိုရဲ … )
၃။မြဟင်္သာ …
သောက်သုံးထားသည့်ကိုတွေ့ရှိပါက ပြိုင်ပွဲဝင်ခွင့်ရရှိမည်မဟုတ်ပါ။
တားမြစ်ဆေးဝါးများ တွေ့ရှိပါက ဆေးအဖွဲ့ ( fun ) အဖြစ် သိမ်ဆည်းသွားပါမည်။

ပုံ
ဆေးမှုး . ဒေါက်တာ Healer (elemental Crown 1 )

3 Comments:

လမင်းလေး said...

သူကလဲနော်..ဘာတွေရေးမှန်းလဲမသိဘူး..တော်တော်အရေး
အသားကောင်းတယ်ပဲ..အားကစားဂျာနယ်မှာ..E.C လုပ်ရင်တော်တော်အောင်မြင်မှာပဲ....သူကပြောသေးတာ..
ဂိုးပေါက်ပျောက်နေတယ်ဆိုပဲ..ဒီနေ့မှတွေ့တယ်ဆိုပဲ..
တကယ်ဆိုရင်အဲလိုမျက်လုံးမကောင်းဘူးဆိုရင်တော့..မကန်ခိုင်းသင့်ဘူး..
တော်ကြာဘောမှားပြီးကန်လိုက်ရင်တော့..မတွေးရဲစရာ..

Unknown said...

ကိုဆေးမှူးရေ ...



မြဟင်္သာ သောက်ရင် ထုတ်မယ်ဆိုတော့ ကေသီပန်တော့ သောက်လို့ရတာပေါ့နော် ... :)

a said...

ပွဲစဉ် ၆ (၁၈.၀၇.၂၀၀၉) DANGER FC & ROYAL FC သုံးသပ်ချက်
DANGER FC ဟာ ဗိုလ်လုပွဲ တက်ရန်သေချာသွားပြီဖြစ်တဲ့
ပွဲစဉ် ၆ မှာ ၆ ဂိုး ၁ ဂိုးဖြင့်အနိုင်ယူလိုက်ကာ ရမှတ် ၉မှတ်ဖြင့် ဦးဆောင်နေလျက်ရှိပါတယ်ခင်ဂျ….ဂိုးများကိုလည်း ပထမပိုင်းမှာ ဂိုးပေါက်မတွေ့တဲ့ အေပီ က ၂ ဂိုး သွင်းတယ်ပေါ့ဗျာ..အဟဲ..ဒုတိယပိုင်းမှာဆော့ ရဲကိုကိုဦး က ၃ ဂိုး ကိုညီညီလှိုင် က ၁ ဂိုး ပေါ့ဗျာ…ဒီဂိုး တွေကို ကိုဖာဂီကြီးနှင့် ညီလေး စူပါစပ်ကဲသို့ အားကိုးရသော မိုက်ကယ်အိုဝင် ခေါ် သန့်ဇော်ဝင်း တို့က ဖန်ပေးတယ်ပေါ့ဗျာ…အကောင်းဆုံးကိုတော့ ဒိုင်လူကြီး ကိုလီနာခေါ်(ချောကြီး) က ကိုညီညီလှိုင် ကိုပေးပါတယ်တဲ့ ဒါ့ကြောင့် အကောင်းဆုံးဆု ကိုညီ ပေါ့ဗျာ…..အဟဲ …ကျွန်တော်တို့ အသင်း ကတော့ ဒိန်းဂျားနော်…အဟဲ..ကြက်ကန်း ဆန်အိုး တိုးနေတာလားမသိဘူး…ပွဲတိုင်းကို နိုင်နေတာပဲ..အဟဲ
ကျွန်တော် ကတော့ ဂိုးသွင်းသူများစာရင်းမှာ ပါနေပါပြီ…မှတ်ချက်…ရမှာမဟုတ်ပါဘူး…အဟီး
CK ယူနိုက်တက်လည်း မနက်ဖြန်မှာ နိုင်ခဲ့မယ်ဆိုရင် မျှော်လင့်ချက် တပုံတပင် ရှိပါသေးတယ်… တော်ကြာ..အဟဲ…
အားငယ်သူကိုအားပေးတာပါ…ROYALကတော့လစ်ပြီပေါ့ဗျာ..နောက်နှစ်မှာ ကစားသမားကောင်းများကို ၀ယ်မယ်လို့သိရပါတယ်…ဘာလို့လဲဆိုတော့သူတို့ အသင်းကို အေဗရာမိုချစ်(အီသီရိုးပီးယားသူဌေး)က ၀ယ်မယ်လို့သိရပါတယ်..နည်းပြကလည်း မော်ရင်ဟို ကဲ့သို့ပိုင်ကြီး စီမန်ခန့်ခွဲမှုကောင်းပါတယ်…ဒါပေမယ့်ဗျာ…အဟဲ…
ဆရာချစ်ဟာဆိုရင်လည်း အရင်နေ့တွေက ဆံပင်အရှည်နဲ့ ဂိုးမသွင်းနိုင်ဘူး ထင်ပြီး ဘရာဇီး ကဒိုကြီးကဲ့သို့ ဂတုံး နဲ့ဂိုးတွေ ချွတ်မယ်ဆိုပြီးကန်လိုက်တာ ထင်သလိုမဖြစ်လာတော့ စိတ်ဓါတ်ကျပြီး စောစောစီးစီးပြန်မယ်လုပ်လို့ ဒိုင်လူကြီး ကိုလီနာ ချောကြီး က ဒရော့ဘာလို ပွဲပယ်ခံရမယ် ဆိုလို့ပြန်လှည့် လာပါတယ်…အဟဲ..အောင်မိုး(ရော်ဘင်ဟို)ကတော့ သူတို့အသင်းရဲ့ ဘဲဥ ကိုခွဲလိုက်တယ်ပေါ့ဗျာ…၁ဂိုးချေပနိုင်ပါတယ်..တော်တော်ကြိုးစားပါတယ်…နောက်နှစ် ဗီလာ နဲ့တွဲ ကန်ရမှာ လာလီဂါ မှာ.ညီလေး..စိတ်မပူပါနဲ့…

ကျွန်တော့် စာလေးကို ဖတ်ပေးတဲ့ အတွက်ကျေးဇူးပါ…
အစီရင်ခံသူ အေပီ

နစ်နာလိုစိတ်မဂှိပါ….အမှားပါရင် ခွင့်လွှတ်ကြပါရန်
အကိုများ၊ညီငယ်များနှင့်သူငယ်ချင်းများ

Image Hosting by Picoodle.com Image Hosting by Picoodle.com Image Hosting by Picoodle.com
 

|