ရှရှားနိုင်ငံ ကာလုဂါမြို့ မြန်မာကျောင်းသားများ ချစ်ကြည်ရေး နွေရာသီဘောလုံးပြိုင်ပွဲ ကျွန်တော်တို့ ဒီနွေရာသီ ဘောလုံးပြိုင်ပွဲလေးကို ကျင်းပလာတာ အခုဆို ၉ နစ်တိုင်တိုင်ရှိနေပါပြီ.. ဒါပေမယ့် အခုလိုဆိုဒ်လေး နဲ့တော့မတင်ဖြစ်ပါဘူး.. အခုတော့ အမှတ်တရလေးဖြစ်အောင် ဒီဆိုဒ်လေးကိုလုပ်ထားခြင်းဖြစ်ပါတယ်.. ဒီဘောလုံးပြိုင်ပွဲလေးကို ကျင်းပရတာကတော့ ကျွန်တော်တို့ မြန်မာကျောင်းသားများ စည်လုံး ညီညွတ်မူရရှိစေရန် ၊တစ်ဦးနင့်တစ်ဦး ပိုမိုရင်းနှိးပြီး ကူညီရိုင်းပင်းနိင်ရန် စတာတွေအတွက်ဖြစ်ပါတယ်… ပျော်တမ်းဘော်လုံး ပြိုင်ပွဲလို့လဲပြောလို့ရပါတယ်…
အားလုံးကို အထူးကျေးဇူးတင်ရှိလျှက်…

Wednesday, July 15, 2009

16.07.2009(ကြာသပတေးနေ့) ပွဲစဉ်အတွက် ကြိုတင်သုံးသပ်ချက်

မနက်ဖြန် ကစားရမယ့် ပွဲကတော့ CK United Vs Royal FC အသင်းတို့ ဖြစ်ပါတယ်.. မနက် 10.00 နာရီမှာ ပွဲအချိန်စပါမယ်.. CK United အသင်းဟာ Danger FC ကို ရူံးထားတဲ့ အသင်းဖြစ်ပြီး Royal FC အသင်းကလဲ BE FC ကို အရူံးထားတဲ့ အသင်းဖြစ်ပါတယ်.. နစ်သင်းစ လုံး ဟာ နိင်ပွဲ မရရှိသေးတဲ့ အတွက် အနိင်ရအောင် ကစားကြမယ့် အခြေအနေရှိနေကြပါတယ်.. ဘာပဲဖြစ်ဖြစ် ဒီနစ်သင်းတွေ့ဆုံမူဟာ စိတ်ဝင်စားစရာလဲကောင်းပြီး အကြိတ်အနယ်ဖြစ်မယ့် ပွဲလေးတစ်ပွဲ ဖြစ်လာလိမ့်မယ်ဆိုတာ သေချာပါတယ်… အားပေးသူ ပရိတ်သတ်များ ရဲ့ ကြိုတင်သုံးသပ်ချက်လေးကို လဲ တင်ပြစေချင်ပါတယ်ဗျာ….

1 Comment:

Fighter said...

16.07.2009(ကြာသပတေး) မှာ ကန်ရမယ်.Royal FC Vs CK United
တို.အသင်း(၂)သင်းကို ကြိုတင်သုံးသပ်ရမယ်ဆိုရင် (၂)သင်းစလုံး
၁ပွဲစီရှံးထားလို. စိတ်ဓါတ်ကျနေတဲ.အသင်း(၂)သင်း ဆိုရင်လည်း
ပြောလို.ရပါတယ်။အခုပွဲမှာနှစ်သင်း လုံးဝရှံးလို.မရသလို
သရေကျလို.လည်းမရပါဘူးခင်ဗျား။ဒီပွဲရှံးတဲ.အသင်းဟာဆိုရင်
ဗိုလ်လုပွဲနဲ.ဝေးပြီလို. ၈၀% ပြောလို.ရပါတယ်။CK United ဟာ
Danger FC အသင်းနှင်.ပွဲစဉ်က အဖွင်.ဂိုးသွင်းယူနိုင်ပေ.မယ်
အဆုံးသတ်မလှခဲ.လို. Danger FC ကိုချေပဂိုးနဲ. အနိုင်ဂိုး
ပေးလိုက်ရတာပါ။ဒီနှစ်သင်းရဲ. ကစားသမားစာရင်းအရ
Royal FC ကအနည်းငယ်သာနေပါတယ်။ဘာလို.လဲဆိုတော.
Royal FC အသင်းမှာ 2008-2009 ဘောလုံးရာသီ
England - Premier League မှ England - League Championship
သို. တန်းဆင်းသွားရသော Newcastle Untied အသင်းမှ တိုက်စစ်မှုး
ဆရာချစ် ရှိယုံသာမက Ukraine - Premier Liga မှ
2008-2009 ဘောလုံးရာသီ UEFA Cup ချန်ပီယံ Shakhtar Donetsk
အသင်းမှ ပြောင်းရွှေ.ကြေး ပေါင်(၅၀၀၀၀)ဖြင်. ရောက်ရှိလာသော
အလယ်တန်းညာတောင်ပံကစားသမား ကိုအောင်မျိုးထွန်းနှင်.
2005 ခုနှစ် Kaluga Bauman University ဖလားချန်ပီယံ
မြန်မာ(မြန်မာ- ဗီယက်နမ် ဗိုလ်လုပွဲ )အသင်းတွင်ပါဝင်ကစား
ခဲ.သော ၀ါရင်.တိုက်စစ်မှုး ကိုဇော်ရဲအောင် စသည်.ကစား
သမားကောင်းတွေကို ၀ယ်ယူပိုင်ဆိုင်ထားတာကိုတွှေ.ရှိရပါတယ်။
CK United အသင်းကံကောင်းတာကတော. Royal FC ရဲ.တိုက်စစ်မှုး
ကိုအောင်မျိုးထွန်းဟာ Moscow ကိုနွေရာသီအပန်းခရီးထွက်ရင်း
ခရီးလွန်နေပြီး ပြန်မရောက်နိုင်ပဲ Moscow ရဲ.ကြယ်(၅)ငါးပွင်.အဆင်.ရှိ
ကလပ် Hotel တစ်ခုတွင် ရုရှားနာမည်ကြီး မော်ဒယ်(လ်)တင်းနစ်မယ်
Maria Sharapova နဲ.ဘာညာအထာတွေဖြစ်နေတယ်လို.
ရုရှား ပြည်ထဲရေးဝန်ကြီး မှ UEFA ဥက္ကဠ ပလာတီနီ ထံသို.
တိုင်တန်းခဲ.ကြောင်း England နာမည်ကြီးသတင်းစာ The Sun
မှတရားဝင်ပြောကြားခဲ.ပါသည်။Royal FC ကိုပိုပြီးအားတက်စေတာကတော.
သူတို.ရဲ.မြို.ခံပြိုင်ဘက် Охотники အသင်းက Danger FC ကို
2-0 နဲ.ရှံးခဲ.လို.ပိုပြီးအားတက်စရာဖြစ်ခဲ.ပါတယ်။
ဒါပေမဲ. CK United အသင်းဟာလည်းဒီပွဲရှံးရင် မျက်ရည်မိုးရွှားသွန်း
ရတော.မှာဖြစ်တဲ.အတွက် ငါးမရ ရေချိုးပြန်ဆိုသလို
ဘုရင်.နောင်ဖောင်ဖျက် တိုက်စစ်ဆင်လာလျှင် Royal FC
အခက်တွှေ.နိုင်ပါတယ်။CK United အသင်းမှာလည်း
England - Premier League ရှိ မန်ယူကလပ်မှ
ဖာဒီနန်၊ဗီဒစ်၊အိုရှေး တို.အတွဲ.လို.တင်စားနိုင်တဲ.
ကိုခင်မောင်မြင်.၊ကိုတာရာမျိုး၊ကိုရဲနိုင်ထွန်း စတဲ.
နောက်တန်းခံစစ်မှုးကောင်းတွေကို ပိုင်ဆိုင်ထားတဲ.အတွက်
Royal FC ဂိုးရဖို.အတော်လေးရုန်းကန်ရနိုင်ပါတယ်။
ဒီပွဲရဲ.ဖြေဟာ Royal FC ရှေ.တန်းနဲ. CK United အသင်း
နောက်တန်းပေါ်မှာ အများကြီးမူတည်ပါတယ်။
ဘာလို.လဲဆိုတော. Royal FC အသင်းဟာ BE FC အသင်းနှင်.
ပွဲစဉ်ကဂိုးမရခဲ.သလို CK United ဟာDanger FC အသင်းနှင်.ပွဲစဉ်က
နောက်တန်းအမှားရှိခဲ.လို.ရှံးခဲ.ရတာပါ။ဒီပွဲရှံးတဲ.အသင်းဟာဆိုရင်
ဗိုလ်လုပွဲနဲ.ဝေးပြီ ဖြစ်တဲ.အတွက် တကယ်အကြိတ်အနယ်ပွဲဖြစ်မှာ
ကျိန်းသေပါတယ်။ဒီပွဲရလဒ်ကို Royal FC သရေ(သို.)အနိုင်လို.
စွန်.စားပြီးခန်.မှန်းလိုက်ရပါတယ်။

Image Hosting by Picoodle.com Image Hosting by Picoodle.com Image Hosting by Picoodle.com
 

|