ရှရှားနိုင်ငံ ကာလုဂါမြို့ မြန်မာကျောင်းသားများ ချစ်ကြည်ရေး နွေရာသီဘောလုံးပြိုင်ပွဲ ကျွန်တော်တို့ ဒီနွေရာသီ ဘောလုံးပြိုင်ပွဲလေးကို ကျင်းပလာတာ အခုဆို ၉ နစ်တိုင်တိုင်ရှိနေပါပြီ.. ဒါပေမယ့် အခုလိုဆိုဒ်လေး နဲ့တော့မတင်ဖြစ်ပါဘူး.. အခုတော့ အမှတ်တရလေးဖြစ်အောင် ဒီဆိုဒ်လေးကိုလုပ်ထားခြင်းဖြစ်ပါတယ်.. ဒီဘောလုံးပြိုင်ပွဲလေးကို ကျင်းပရတာကတော့ ကျွန်တော်တို့ မြန်မာကျောင်းသားများ စည်လုံး ညီညွတ်မူရရှိစေရန် ၊တစ်ဦးနင့်တစ်ဦး ပိုမိုရင်းနှိးပြီး ကူညီရိုင်းပင်းနိင်ရန် စတာတွေအတွက်ဖြစ်ပါတယ်… ပျော်တမ်းဘော်လုံး ပြိုင်ပွဲလို့လဲပြောလို့ရပါတယ်…
အားလုံးကို အထူးကျေးဇူးတင်ရှိလျှက်…

Saturday, July 11, 2009

13.07.2009(တနင်္လာနေ့) ပွဲစဉ်အတွက် ကြိုတင်သုံးသပ်ချက်

ကျွန်တော်တို့ အခုလာမယ့် 13.07.2009(တနင်္လာနေ့) မှာ ဖွင့်ပွဲ စကန်ရမှာဖြစ်ပါတယ်.. ကန်ရမယ့် အသင်း ၂ သင်း ကတော့
CK United vs Danger FC တို့ဖြစ်ပါတယ်.. ဒီပွဲဟာဆိုရင်ဖြင့် ဖွင့်ပွဲလဲဖြစ်ပြီး နစ်သင်းစလုံးဟာ အဖြစ် ကစားသမား ကောင်းများကို ပိုင်ဆိုင်ထားကြတဲ့ အတွက် ကျိတ်နယ်ဖြစ်မယ့် ပွဲလေးဖြစ်လာမှာပါ...
ဒီပွဲစဉ်အတွက် ကြိုတင်သုံးသပ်ချက်များ ပြောကြပါအုံးဗျာ.....

14 Comments:

သားငယ် said...

ဘောလုံးဆိုတာတော့ အလုံးကြီးပေါ့ဗျာ......ပွဲကိုကြိုတင်သုံးသပ်ပြရရင် ကွင်းထဲေ၇ာက်ရင်သိမှာပေါ့..ဟီးဟီး.... ပွဲဦးထွက်လည်းဖြစ်ပြန်တော့ပြိုင်ပွဲဟာအကြိတ်အနယ်ရှိမယ်လို့တော့ထင်ပါတယ်...
ဘောလုံးသမားတွေကလည်းသူတို့မှာရှိသမျှစွမ်းအားတွေကို အသုံးချကြမှပါ.....ကျွန်တော်အထင်တော့ နိုင်ရင်လည်း ၁လုံးလောက်ပဲ ..လို့တော့ထင်ပါတယ်.....သရေလည်းကျနိုင်ပါတယ်....

ဥာဏ်ပိုင်စိုး said...

အင်းပြောရမယ်ဆိုရင်ဖြင့် ဂိုးသွင်းများတဲ့အသင်းနိုင်ပြီး ဂိုးနည်းနည်းသာသွင်းယူနိုင်တဲ့အသင်းကရှုံးမှာဖြစ်ပါတယ်...
ထိုနည်းလည်းကောင်းဘဲ ဂိုးအရေတွက်တူနေရင်တော့ အမှတ်ကိုခွဲဝေယူကြရမှာဖြစ်ပါတယ်... နိုင်တဲ့အသသင်းကတော့ နိုင်ကိုနိုင်မှာပါ...လုံးဝသေချာတယ်.. ဒီနှစ်အတွက်ရေပန်းစားနေသော နောက်တန်းတိုက်စစ်မှူးများကတော့ ခင်မောင်မြင့်ဘဲဖြစ်ပါတယ်... သူဟာဆိုရင် နှစ်ဦးပိုင်းရာသီအစကတည်းကပြောင်းရွှေ့ကြေးရူဘယ်တစ်ရာနဲ့ ရောက်ရှိလာသူဖြစ်ပါတယ်... ဒါပေမဲ့ အသင်းပိုင်ရှင်က လက်ငင်းမရှင်းလဲရပါတယ်ဆိုလို့ အငှားစာချုပ်ကိုဖြစ်သလိုချုပ်ပြီးရောက်ရှိလာသူဖြစ်ပါတယ်... ထို့အပြင် ကို့ဂိုးကို အဆုံးသတ်လှပစွာ သွင်းယူပြမယ့် နောက်တန်းတိုက်စစ်မှူးကောင်းတစ်ဦးလည်းဖြစ်ပါတယ်... သူကိုတော့ ရှေ့တန်းမှ တိုက်စစ်မှူးများအထူးသတိထားစေလိုပါတယ်... ဒါကတော့ အကြိုသုံးသပ်ချက်ဖြစ်ပါတယ်... နောက်ပြီး ဒိန်းဂျားကြတာဆိုလို့ ချောကြီးတစ်ယောက်ပါ ... ဒိုင်လုပ်မယ်ဆိုတဲ့ သံမဏိအဓိဌာန်တွေနှင့်အတူ တိုက်စစ်အဖွင့်ပိုင်းကို ဖွင့်ဆော့လာမယ်ဆိုရင် ကျွန်တော်တို့အသင်းများသူ့ကိုရိုက်ချိုးထားဖို့လိုပါလိမ့်မယ်... ပိုင်စိုးကိုကိုကလဲဒိုင်လုပ်ချင်လို့ကို မော်စကိုခရီးစဉ် ကိုရွေ့ဆိုင်းထားတယ်သတင်းသဲ့သဲ့ရပါတယ်... ဒီတော့ ကျိန်းသေတာကတော့ ဒိုင်လုပ်ချင်သူများနေတယ်ဆိုတာပါ... ချောကြီးက မီဒီယာများကိုပြောဆိုသွားတာကတော့ ဒိုင်မဖြစ်ဖြစ်အောင်လုပ်မယ်ဟုပြောဆိုသွာကြောင်း ပြောရေးဆိုခွင့်ရှိသူ လာရီဇာမှထုတ်ဖော်ပြောကြားသွားပါတယ်...

Anonymous said...

အင်း ဒိုင်တွေသိပ်များနေရင်တော့ ကျွန်တော်MГУမော်စကိုကလာပြီး ဒိုင်ချုပ်လုပ်ပေးပါ့မယ်(ဘောလုံးလောင်းကစားပွဲ)နော် အဟီးဟီး စီးပွားရှာတာမဟုတ်ပါဘူး မြန်မာဘောလုံးဝါသနာရှင်တွေရဲ့ ငွေတွေအလကားဖြစ်မှာစိုးလို့ပါ စေတနာအပြည့်နဲ့
အမ်အက်စ်ယူ

Anonymous said...

ဟုတ်ကဲ့  ကျွန်တော်တို့ (မီယပ် ကျောင်း) မှ ဘောလုံးဝါသနာ ရှင်များကလည်း ပွဲမစခင် ပေါက်ကြေးကိုအချိန်မှီ သိရှိနိုင်ဖို့ အတွက် ဘယ်ဒိုင်ကို ဆက်သွယ်ရမလဲ ဆိုတာလေးကို အကြောင်းကြားစေချင်ပါတယ် ခင်ဗျာ.. :P

kyawthu said...

ပွဲစဉ်(၁)ကတော့တစ်ကယ်ကြည့်ကောင်းမယ်ပွဲတစ်ပွဲဖြစ်လာနိုင်ပါလာတယ်....CK united အသင်းကဆိုရင်တော့ ရှေ့နောက်လယ်အားကောင်းတဲ့အသင်းဖြစ်တာကြောင့် အားထည့်ကစားမယ်ဆိုရင် အနိုင်ရနိုင်မယ်လို့ထင်ပါတယ် Danger Fc တော့တိုက်ကိုဦးစားပေးထားတဲ့အတွက် တိုက်စစ်မှာအတွဲမိမယ်ဆိုရင်တော့မပြောရဲ့စရာပါပဲ...
ခံစစ်ပိုင်းကတော့ဂိုးတွေပေးရနိုင်ပါတယ် ....ဒီနှစ်သင်းရဲ့တွေ့ဆုံမှုဟာ ရလဓ်ဟာဘယ်အသင်း(၃)မှတ်ယူသွားမယ်ဆိုတာပဲစောင့်ကြည့်ရတော့မှာပါ...
သရေတော့မဖြစ်နိုင်ပါဘူး

yelay said...

ပွဲကြိုသုံးသပ်ချက်(၁၃.၇.၀၉-တနင်္လာ)
ကျွန်တော်တို့ကာလုဂါမြန်မာလိဂ်ကြီးဟာဆိုရင်ဖြင့်(၁၃.၇.၀၉)
ရက်နေ့မှာစတင်ပြီးအဖွင့်ပွဲကိုယှဉ်ပြိုင်ကစားကြတော့မှာဖြစ်
ပါတယ်..ဖွင့်ပွဲအနေနဲ့ ပထမဆုံးချောကြီးခေါင်းဆောင် CK United အသင်းနဲ့ ရဲကိုကိုဦးခေါင်းဆောင် DANGER အသင်း
တို့အကြိတ်အနယ်ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်..ဒုတိယပွဲ
အနေနဲ့ ပိုင်စိုးကိုကိုခေါင်းဆောင် ROYAL FC အသင်းနဲ့
ကျော်သူအောင်ခေါင်းဆောင် BE FC အသင်းတို့ယှဉ်ပြိုင်
ကစားသွားမှာပါ်..နှစ်ပွဲလုံးအနေနဲ့ အဖွင့်ပွဲဖြစ်
တဲ့အတွက်အကြိတ်အနယ်ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပြီး အသင်းအလိုက်ခြေစွမ်းရည်ကို
ပထမဆုံးစတင်ရှုစားနိုင်မှာဖြစ်ပါတယ်
CK United
လက်ရှိအသင်းခေါင်းဆောင်အောင်ကျော်စိုးဖြစ်ပြီးရှေ့တန်းတိုက်စစ်မှူး ညီညီအောင်၊
ကိုသောင်းလှိုင်နဲ့သန်းနိုင်စိုးတို့ကအားဖြည့်ထားပါတယ်..အလယ်တန်း သိန်းမင်းထိုက်
နဲ့ရဲရင့်ကိုကိုတို့ဖြစ်ပြီး ဘက်တန်းအနေနဲ့စိုးမင်းသူ၊တာရာမျိုး၊ခင်မောင်မြင့်ရဲနိုင်ထွန်းနဲ့ဂိုး ရဲရင့်ကိုကိုပါ..နောက်ဆုံးရရှိထားတဲ့လက်ရှိသတင်းအနေနဲ့အသင်းခေါင်းဆောင်ချောကြီး
တစ်ယောက် ဒူးခေါင်းမှာအဖုပေါက်ပြီးအနည်းငယ်နာနေကြောင်းနဲ့ ရှေ့တန်းတိုက်စစ်မှူး
ညီညီအောင်ကလဲ ခြေထောက်မှာပတ်တီးကြီးတစ်ကားကားနဲ့မြင်နေရကြောင်းပါ..
(အားရစရာ ) ကျန်အသင်းသားများအနေနဲ့ကတော့ ကြံ့ခိုင်သန်စွမ်းလျက်ရှိပြီး
အဖွင့်ပွဲကိုအနိုင်ရဖို့အတွက်စိတ်ဓါတ်တက်ကြွနေကြကြောင်းပါ
DANGER FC
အသင်းနာမည်နဲ့လိုက်အောင် ဒိန်းဂျားကျနေတဲ့ ရဲကိုကိုဦးခေါင်းဆောင် DANGER
အသင်းမှာတော့ ရှေ့တန်းတိုက်စစ်မှူး ခင်ဇော်၊ ကိုကျော်မင်းသိန်း၊သန့်ဇော်ဝင်း
တို့နဲ့အားပြည့်အင်ပြည့်ပွဲထွက်ဖို့ရှိပါတယ်..အလယ်ကိုညီညီလှိုင်၊အောင်ဖြိုး
မင်းသူရိန်မြင့်နဲ့ နောက်တန်း စိုးလင်းဦး၊ကိုကျော်ထွန်း၊ကျော်ထက်အောင်နဲ့ဂိုး စည်သူအောင်တို့ဖြစ်ပါတယ်
လက်ရှိနောက်ဆုံးရကစားသမားများသတင်းအရ ဒဏ်ရာရကစားသမားလုံးဝ မရှိပဲ
ကြံ့ခိုင်သန်စွမ်းတဲ့အသင်းတစ်သင်းအနေနဲ့ပွဲထွက်လာမှာဖြစ်ပါတယ်
အကြိုသုံးသပ်ချက်
နှစ်သင်းလုံးအနေနဲ့ ကစားသမားနေရာချထားမှုပုံစံကိုလျှို့ဝှက်ထားပြီး ပွဲစဉ်တစ်လျှောက်
အကောင်းဆုံးနေရာချကစားသွားမယ်လို့မျှော်မှန်းရပါတယ်..လက်ရှိအနေအထားအရ
CK United အသင်းမှ အားထားရသောတိုက်စစ်မှူးများဒဏ်ရာရရှိထားသောကြောင့်
(ဘာမှမကန်ရသေးပဲ ဘယ်တုန်းကနာသွားမှန်းကိုမသိဘူး :P) ဒဏ်ရာရကစားသမား
မရှိတဲ့ DANGER FC အသင်းကိုဘယ်လိုပုံစံနဲ့ယှဉ်ပြိုင်သွားမယ်ဆိုတာစိတ်ဝင်စားစရာပါ
ကွင်းငယ် (၈-၈) ကစားရမှာဖြစ်တဲ့အတွက် Line-Up ကိုဘယ်လိုချထားမလဲဆိုတာကတော့
အသင်းခေါင်းဆောင်များရဲ့ authority ဖြစ်ကြောင်းပါ..ဘောလုံးဝါသနာရှင်ချစ်ပရိတ်သတ်
များခင်ဗျား..တနင်္လာနေ့မှာစတင်ယှဉ်ပြိုင်တော့မယ့်ကာလုဂါမြန်မာလိဂ် အဖွင့်ပွဲနေ့မှာ
DANGER FC အလယ်တန်းတောင်ပံတိုက်စစ်မှူး အောင်ဖြိုး ၊ လူကျွံဘောမပါတဲ့အတွက်အကြိုက်
တွေ့သွားတဲ့ခင်ဇော်၊ဒိန်းဂျားဂိုးများကိုဖန်တီး ချပေးတတ်တဲ့ကိုညီညီလှိုင်နဲ့သွင်းပြီဆိုလျှင် နှစ်ဂိုးဆက်တိုက်သွင်းတတ်တဲ့ကိုကျော်မင်းသိန်းတို့ရဲတိုက်စစ်ကို
CK United အသင်းမှ ကာလုဂါအကောင်းဆုံးဘက်တန်းရှင် ခင်မောင်မြင့်၊သွက်သွက်လက်လက်
ထိုးဖောက်ကာကွယ်နိုင်တဲ့ ငါးကြီး၊ခြေပေါ်ရင်ပေါ်သလိုအလွန်ကောင်းတတ်တဲ့တာရာမျိုးတို့ဘယ်လို
တားဆီကြမယ်ဆိုတာနဲ့ တစ်ယောက်သုံးယောက်နှုန်းထိုးဖောက်ကစားနိုင်တဲ့ ချောကြီး၊လေးပေမယ့်
ကစ်အားကောင်းတဲ့ ညီညီအောင်၊ DANGER FC ကစားသမားခင်ဇော်နဲ့အပြိုင်တိတ်တိတ်လေး
ကြိတ်သွင်းမယ့်ကိုသောင်းကြီးတို့ရဲ့တိုက်စစ်ကို DANGER FC နောက်တန်းစိုးလင်းဦး ၊ကျော်ထက်အောင် နဲ့ ကိုကျော်ထွန်းတို့ဘယ်လိုတားဆီးမယ်ဆိုတာတွေစောင့်မျှော်ရှူစား
ကြရအောင်လားဗျာ..DANGER FC အနိုင်နှင့်သရေ ခန့်မှန်းနိုင်ပြီး CK United ကလည်းကိုယ်ပိုင်
ကစားကွက်နဲ့ဖြစ်တဲ့အတွက်ပြောရခက်တဲ့ပွဲတစ်ပွဲဖြစ်တဲ့အပြင် ကြည့်ကောင်းမယ့်ပွဲတစ်ပွဲ ဖြစ်
ကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်

Anonymous said...

ဘယ်သူတွေပါမှန်းတောင်မသိသေးတာဘယ်လိုလုပ်ပွဲကြိုသုံးသပ်မှာလဲ.
ပွဲကြိုသုံးသပ်ရမယ်ဆိုရင်တော့ပထမဆုံးပွဲမှာဘယ်သူဒူးပြဲမလဲဆိုတာ၅း၁လေးနဲ့ပေါက်ကြေးများဖွင့်နေပါပြီ..
လာရောက်လောင်းနိုင်ပါတယ်....

အဟမ်း... said...

ပွဲစဉ်၂အဂါင်္နေ့မှာကစားမဲ့ပြိုင်ပွဲမှာ တော့ ကျော်သူအောင် ဦးဆောင်တဲ့ BE FC နဲ့ ပိုင်စိုးကိုကိုတို့ဦးဆောင်တဲ့ Royal FC တို့ပွဲကိုသုံးသပ်ရရင်ဖြင့် နှစ်သင်းစလုံးဟာ တကြိမ်တခါမှတွေ့ဆုံချင်းမရှိသေးပါဘူး... အဲံဒါကြောင့်ရလဒ် တွေကိုလည်းပြန်ကြည့်လို့မရနိုင်ပါဘူး ဒီနှစ်သင်းဟာဆိုရင် တဖက် ကစားသမား ၈ ယောက်စီနဲ့ကစားကျမှဖြစ်လို့ ခြေညီနေတယ်လို့ပြောလို့ရနိုင်ပါတယ်...( :P :D )Royal FC ကိုအနိုင်ရရှိအောင်ပုံဖော်ဖန်တီးပေးမဲ့သူ တွေကတော့ အသင်းခေါင်းဆောင်ပိုင်းစိုးကကနဲ့ ဆရာချစ် တို့ပဲဖြစ်ပါတယ်...သူတို့ဟာဝါရင့်သဘာရင့် ကစားသမားတွေဖြစ်တာနဲ့အညီ အောက်ကလူတွေကိုထိန်းခေါ် ပီး အကောင်းဆုံးပုံဖော်ကစား သွာမယ်လို့မျှော်လင့်ရပါတယ် ဒါ့အပြင်သူတို့အသင်းမှာလည်း ကြောက်စရာတိုက်စစ်မှူးကောင်းတယောက်ကိုလည် ပိုင်ဆိုင် ထားပါတယ် သူဟာအခြားအသင်းတွေရဲ့စောင့်ကြည့်ချင်းကိုလည်း ခံထားရ တဲ့သူတယောက်ဖြစ်ပါတယ် ဒီဖလားပွဲပီးရင်တော့ အကောင်းဆုံး ၁၁စာရင်းမှာပါဝင်လာနိုင်ဖွယ်ရှိပါတယ် သူကတော့အသင်းတိုင်းရဲ့မျက်စိကျချင်းခံနေရတဲ့ ကိုဇော်ရဲအောင်ဖြစ်ပါတယ်...တဖက်အသင်းကိုကြည့်ရင်လည်း ၀ါရင့်သဘာရင်ကစားသမားတွေ အများအပြားပါဝင်နေတာကိုတွေ့ ရမှာဖြစ်ပါတယ် ကျော်သူအောင်ဟာဆိုရင်အဲ့နေ့ပွဲအတွက် အထူးပြင်ဆင်လျက်ရှိပါတယ်...ပြင်ဆင်တဲ့အနေနဲ့ အကျီင်္တွေသွားဝယ်ရာအဆင်မပြေဘူးလို့သိရပါတယ်.. :D BE FC ဟာဆိုရင် အားကစားသမားကောင်းတွေပိုင်ဆိုင်ထားတယ်ဆိုရင်လည်း မမှားပါဘူး ရှေ့လယ်နောက်ညီမျှစွာပိုင်ဆိုင်ထားတဲ့ အသင်းကောင်းတသင်းဖြစ်ပါတယ်... မည်သို့ပင်ဆိုစေကာမူ BE FCနှင့် RoyalFCအသင်းတို့ ရဲ့အသင်းခေါင်းဆောင်များကတော့ ဗိုလ်လုပွဲဒိုင်လုပ် ရန် Охотники အသင်းခေါင်းဆောင် ဆရာညဏ်နဲ့ ယှဉ်ပြိုင်ရဖွယ်ရှိပါတယ်လို့ ဘောလုံးကျွမ်းကျင်သူလူတစုမှ ပြောကြားခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူတဦင်္းမှသတင်းရရှိပါတယ်ခင်ဗျာ... :P :P

Unknown said...

ကာလုဂါမြန်မာကျောင်းသားများ နွေရာသီချစ်ကြည်ရေးဘောလုံးပြိုငါပွဲကြီးဟာဖြင့်ရင် မနက်ဖန် ၁၄ ရက်နေမှာစတင်ပါတော့မယ် ခင်ဗျာ...နမက်ဖန် ကန်မည်အသင်းများမှာ စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်လျက်ရှိပြီး လိုင်းနပ်စာရင်းများဖြင့် တက်ညီလက်ညီရှိနေပါပြီ..နာမည်ရ ကစားသမားများအားခေါ်ယူထားပြီးပြင်ဆင်ဖွဲ့စည်းထားခြင်းကြောင့်ဒီပွဲဟာ
ဥရောလိဂ်ပွဲများထက်တောင်ပိတ်ဝင်စားစရာ ဖစ်နေပါပြီ...
အဖွင့်ပွဲကို ဖီဖာဥက္ကဌ နှင့်အတူ ရုရှားအဆိုတော်မလေးများ (Фабрика)အဖွဲ့တို့မှ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
သတင်းဌာန MRTV(kaluga)

Anonymous said...

အင်္ဂါနေ့ပွဲကို သုံးသပ်ရရင်တော့ဗျာ...အဟမ်းအဟမ်း..ဆရာ Bk အသင်းနဲ့ Royal အသင်းတို့ဟာ အကောင်းဆုံးပြင်ဆင်ထားတာတွေ့ရပါတယ် .. အသင်းခေါင်းဆောင်များဟာဆိုရင်လဲ ဒီကဘွဲ့ယူပြီးပြန်ရင် ရတနာပုံနဲ့ ရန်ကုန် အသင်းတို့မှာဝင်ရောက်ကစားဖို့ မဲအများဆုံးပေးထားခြင်းခံရတဲ့ တိုက်စစ်မှုးများဖြစ်ကြပါတယ်...အဲဒါအသင်းဟာဆိုရင်ဖြင့် အလွန်ကြည့်ကောင်းမဲ့ပွဲတပွဲဖြစ်လာနိုင်ပါတယ်...BK အသင်းတာဝန်ရှိသူအနေဖြင့် Royal အသင်းအားလျှော့တွက်ရန်မသင့်သောအသင်းတသင်းဖြစ်ကြောင်းကာလုဂါဘောလုံးသတင်းထောက်
စည်သူဇော်မှသတင်းပေးပို့သွားကြောင်းပါ......:D:P

Fighter said...

ယနေ.ယှဉ်ပြိုင်မဲ.Kaluga ဖလားလုပွဲလောင်းကြေးပေါက်ဈေးမှာ
CK United မှ Danger FC ကို သရေအရှံး
Royal FC မှ BE FC ကို 1+75 ပေါာက်ပါသည်။
လောင်းချင်ပါက www.marathonbet.com မှကံစမ်းနိုင်ပါသည်။

လွမ်းဝေ said...

BBC:ဘီဘီစီ ဝိုင်းတော်သားများအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ......
ကျွန်တော်တို့ သိရှိထားရသော အသင်းများအနက်မှ ယခုရာသီတွင်အင်တာနက်မှတဆင့် စာရင်းများကောက်ယူမှုအရ ရေပန်းအစားဆုံးအသင်းမှာ BE FC ဖြစ်နေကြောင်း ယမန်နေ့ ညနေ(၀၈း၀၀) CNN သတင်းဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ဂွန်ဘရောင်းက
အတည်ပြုပြောဆိုခဲ့ပါတယ်..ပြီးနောက် သူမ၏ပြောဆိုမှုအရအသင်းများအားလုံးမျက်စိကျရေပန်းစားနေသော မူတူး ခေါ်(အောင်ကိုကိုထွေး) အား ယမန်နေ့ နံက် (၀၉း၀၀)အချိန်ခန့်တွင် မာစီးတီး ၆ ပေါက် ကားအနက် ဖြင့် ၄င်းထံ လျှဝှက်စွာ လာရောက်ကာ ဆွေးနွေးမှုတရပ် ပြုခဲ့သည်ဟုလည်း သူမက ပြောဆိုခဲ့ပါသည်..ထို့နောက် ထိုသူသည် အမှိုက်ကောက်သည့်ကားဖြင့်ထွက်ခွါသွား
ကြောင်း သူမ က ဆက်လက်ပြောဆိုခဲ့ပါသည်။။။။။။
ယခုကဲ့သို့ ဖတ်ရှုခဲ့သော BBC ဝိုင်းတော်သားများအားလုံး ကိုယ်၊စိတ်၊နှလုံး (၃) ပါးစလုံး အမြဲကျန်းမာပျော်ရွှင်လန်းဆန်းကြပါစေ။။။။။။။

Anonymous said...

ဘီအီးယူနိုင်တက်ကိုသုံးသပ်ရမယ်ဆိုရင်လဲ
ရှေ့တန်းမှာချယ်လ်ဆီးကခေါ်ထားတဲ့မစ္စတာဘောနဲ့
တောူကက်အတွဲ
အလယ်တန်းမှာဆိုရင်လဲမွှေနှောက်ထိုးဖောက်မယ်
့စောက်တလွဲကရင်နဲ့ဆရာငပိန်
နောက်တန်းမှာဆိုရင်လဲမန်ယူကခေါ်ထားတဲ့ဆရာဗိုက်ပူနဲ့
လန်ဘား,တို့ကအထိုင်ကစာ့းပီး
ဂိုးသမားကတော့ဗလတို့ပါဝင်ကစားသွားခဲ့ကြပါတယ်..
အကောင်းလေးတွေထဲ့မပြောရင်လဲအထိုးခံရမှာကြောက်တဲ့အတွက်
အားလုံးကောင်းပါတယ်လို့တင်ပြလိုက်ပါတယ်ခင်ဗျာ..
အစဉ်နောက်ပြောင်လျှက်...
ဆရာဖုန်း

Anonymous said...

ဒီကနေ့ပွဲကိုသုံးသပ်ရမယ်ဆိုရင်ဖြင့်
ယနေ့ယှဉ်ပြိုင်ကစားသွားခဲ့ကြသော
BE FC
&
RL FC
တို့ပွဲစဉ်ကိုသုံးသပ်တင်ပြရမယ်ဆိုရင်ဖြင့်…
ပထမပိုင်းပွဲစစချင်းနှစ်သင်းစလုံးဟာအပေးအယူအချိတ်အဆက်မမိပဲနဲ့ကြုံသလိုပေးကစားနေတာကိုတွေ့မြင်ခဲ့ရပါတယ်ခင်ဗျ..
သိုပေမယ့်လဲ(၁၀)မိနစ်နောက်ပိုင်းမှာတော့BEFCအသင်းဟာအချိတ်အဆက်မိလာပြီးRLFCအသင်းအပေါ်ကိုထိုးဖောက်တိုက်စစ်ဆင်နိုင်ခဲ့တာကိုတွေ့ရပါတယ်..
RLFCအသင်းမှာတော့အထောင်တိုက်စစ်မှုးဆရာချစ်တစ်ယောက်ထဲနဲ့BEဘက်ကိုထိုးဖောက်တိုက်စစ်ဆင်ခဲ့ပါတယ်..
ဒါပေမယ့်လဲBEခံစစ်မှုးဆရာဗိုက်ပူနဲ့ညီငယ်လန်ဘားတို့ထိန်းချုပ်ထားနိုင်ခဲ့တဲ့အတွက်ဆရာချစ်ရဲ့ထိုးဖောက်မှု့တွေဟာအရာမထင်ခဲ့ပါဘူး..
အဲ့လိုအကြိတ်အနယ်ရှိနေတုန်းBEအသင်းမှတန်ပြန်တိုက်စစ်ဆင်လာရင်းညာထောင့်ကန်ဘောမှတဆင့်ဂိုးသမားမှန်ကြောင်ရဲ့ဘယ်ဘက်ဒေါင့်ထဲက
ိုဘောကြီးမှခေါင်းတိုက်ပြီးလှလှပပဂိုးကိုရယူသွားခဲ့ပါတယ်..
အဲ့ဒီနောက်ပိုင်းမှာတော့အရင်နှစ်ကအကောင်းဆုံးကစားသမားဆုရပိုင်စိုးကိုကိုမှထိုးဖောက်ကန်သွင်းခဲ့သော်လည်း.
BEဘက်မှနောက်တန်းနှင့်ဂိုးသမားတို့ကာကွယ်မှု့ကောင်းနေသောကြောင့်အရှုံးဂိုးကိုပြန်လည်မချေပနိုင်ပဲပထမပိုင်းမိနစ်(၃၀)ပြီးဆုံးခဲ့ပါတယ်…
အားကစားဝါသနာရှင်များခင်ဗျာ..
ဒုတိယပိုင်းစလျှင်စခြင်းRCအသင်းမှအရှုံးဂိုးကိုချေပနိုင်ဖို့အတွက်တိုက်စစ်မှုးတွေကိုထဲ့သွင်းကစားခဲ့သော်လည်း..
BEအသင်းမှနောက်တန်းနှင့်ဂိုးသမားတို့ကာကွယ်မှု့ကောင်းသောကြောင့်မချေပနိုင်ပဲရှိခဲ့ရပါတယ်..
တိုက်စစ်မှုးဆရာဘောဟာဆိုရင်လဲအလယ်တန်းထိဆင်းပြီးကိုယ့်အသင်းအောင်နိုင်ရေးအတွက
်အစွမ်းကုန်ကာကွယ်ဖျက်ထုတ်ပြီးအနိုင်သေချာစေမယ့်ဂိုးရရှိအောင်ကြိုးစားကစားခဲ့တာကိုလဲတွေ့မြင်ခဲ့ရပါတယ်ခင်ဗျ..
နောက်ပိုင်းမှာတော့နှစ်သင်းစလုံးဟာဘယ်သူ့ဘယ်သူမှထိုးဖောက်တိုက်စစ်ဆင်နိုင်ခြင်းမရှိပဲပထမပိုင်း(၁၀)မိနစ်မှာ
တိုက်စစ်မှုးဆရာဘောရဲ့တစ်လုံးတည်းသောဂိုးနဲ့BEFCအသင်းကRLFCအသင်းကိုအနိုင်ရရှိသွားခဲ့ပြီဖြစ်ပါတယ်..
ပွဲစဉ်တစ်လျှောက်လုံးကိုသုံးသပ်ရမယ်ဆိုရင်ဖြင့်BEအသင်းကအမြင့်ဘောတွေကိုအားပြုကစားခဲ့တာကိုတွေ့မြင်ရမှာဖြစ်သလို..
RLအသင်းကလဲမြေလိမ့်ဘောတွေကိုအားပြုကစားခဲ့တာကိုတွေ့မြင်ရမှာဖြစ်ပါတယ်..
လာမယ့်ပွဲတွေမှာတော့BEFCအသင်းအနေနဲ့နောက်ထပ်နိုင်ပွဲတွေရရှိအောင်ကြိုးစားရမှာဖြစ်သလိုလိုအပ်ချက်တွေလဲရှိနေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်..
အလယ်တန်းနဲ့တိုက်စစ်မှုးချိတ်ဆက်မှု့အားနည်းနေတာကိုတွေ့၇ပြီးနောက်တန်းဟာလဲအနည်းငယ်ပြာတာကိုတွေ့မြင်ရပါတယ်..ဒီအချက်တွေကိုBEFCအသင်းအနေနဲ့ပြင်ဆင်နိုင်ခဲ့မယ်ဆိုရင်တော့ဖြင့် ကာလုဂါလိဂ်ရဲ့ဖလားပိုင်ရှင်ဟာ BEFCအသင်းမလွဲဧကန်ဖြစ်လာမယ်လို့ကျွန်တော်သုံးသပ်တင်ပြလိုက်ပါတယ်ခင်ဗျာ…
မှားယွင်းမှု့ပါခဲ့လျှင်နားလည်ပေးနိုင်ကြပါစေ…
အစဉ်လေးစားလျှက်…
ဆရာမန်း

Image Hosting by Picoodle.com Image Hosting by Picoodle.com Image Hosting by Picoodle.com
 

|