DANGER FC အသင်းဟာဒုတိယခြေလှမ်းကို လှမ်းပြီးပါပြီ ပွဲစဉ် ၂ အပြီးမှာ နှစ်ပွဲကစား နှစ်ပွဲနိုင် ရမှတ် ၆ မှတ်ပေါ့ဗျာ..အဟဲ ပထမပိုင်း၈ မိနစ်မှာ အဖွင်းဂိုးကို ရဲကိုကိုဦး မှ စတင်သွင်းယူခဲ့ပါတယ်…ဒုတိယပိုင်းမှာလဲ ရဲကိုကိုဦီးက ပဲ ဒုတိယ ဂိုးကို သွင်းယူပေးခဲ့ပါတယ်….အသင်းခေါင်းဆောင်ဆို သလို တာဝန်ကျေကျေ နဲ့ကစားသွားခဲ့တာဖြစ်ပါတယ်… DANGER FC ကျွန်တော်တို့ အသင်းဟာဆိုရင် ကစားအားကောင်းကောင်းနဲ့ အနိုင်ရအောင် ကစားခဲ့ပါတယ်….ကစားကွက်ကတော့ခန့်မှန်းလို့ခက်မယ်ဗျ..တဖက်အသင်းရဲ့ အခြေအနေကိုကြည့်ပြီး ကစားကွက်က ပြောင်းနေတာမလို့ပါ…ကြီးကြီးကျယ်ကျယ်နဲ့…အဟဲ..အလယ်တန်းကို ဦးစားပေးပြီး ရှေ့တန်းမှာ ရဲကိုကိုဦးကို အထောင်ထားပြီး ကစားသွားပါတယ်…နောက်ပွဲတွေကတော့ ကစားကွက်ပြောင်းနိုင်တယ်လို့ ဖာဂီကြီးကပြောပါတယ်….ဖာဂီ-အကိုကြီး ကိုကျော်မင်းသိန်းပေါ့ဗျာ…အဟဲ..ကွင်းလယ်ဖန်တီးရှင်ကတော့ အကိုကြီးကိုညီညီလှိုင်ပေါ့ဗျာ….ကျွန်တော်ကတော့တောင်ပံတိုက်စစ်အကူပေါ့ဗျာ…ဂိုးပေါက်တော့မတွေ့သေးဘူးဗျ..အဟဲ..ဂိုးက်ံခေနေတာနောက်တန်းမှာလဲအင်အားတောင့်တင်းတယ်ပေါ့ဗျာ..အခုထိပေါ့ဂိုးသမားလည်းလဲတော်တော်လက်စွမ်းပြတယ်..သိပ်ကိုမဖမ်းလိုက်ရလို့ပါ.နောက်တာနော်...အဟဲ..ပြောရမယ် ဆိုရင်တော့ နာမည်နဲ့လိုက်အောင်ဒိန်ဂျားပါဂျလို့….အဟဲ..ကျန်တဲ့အသင်းတွေလည်း မျှော်လင့်ချက် ကိုယ်စီ ရှိနေဆဲပါပဲ….ကောင်းပါတယ်…အသင်းတွေ က ညီလို့ကန်ရတာလဲခက် ..ဂိုးသွင်းရတာလဲ ခက်တာကိုတော့ သုံးသပ်မိပါတယ်…
DANGER FC (တောင်ပံ)
ရှရှားနိုင်ငံ ကာလုဂါမြို့ မြန်မာကျောင်းသားများ ချစ်ကြည်ရေး နွေရာသီဘောလုံးပြိုင်ပွဲ
Wednesday, July 15, 2009
15.07.2009(ဗုဒ္ဒဟူးနေ့) ပွဲစဉ် Danger FC 2 - 0 Охотники
Posted by tarkyi at 4:49 PM
Labels: ရလဒ်နင့် သုံးသပ်ချက်များ
0 Comments:
Post a Comment