ကျွန်တော်တို့ ဒီနေ့စကားရမယ့် ပွဲဟာ တကယ်တော့ မနက်ဖြန် (25.07.2009)မှ ကစားရမယ့် ပွဲလေးဖြစ်ပါတယ်.. အခြေအနေအကြောင်းကြောင်းကြောင့် ဒီနေ့ကစားလိုက်ရတာပါ....
ယနေ့ဗိုလ်လုပွဲကစားသွားကြတဲ့BE FC Vs Danger FC အသင်းတို့ဟာရှိသမျှစွမ်းအားကုန်ထုတ်ကစားသွားပါတယ်..
အများထင်ထားကြတဲ့အတိုင်း..ပွဲကောင်းတစ်ပွဲဖြစ်လာခဲ့ပါတယ်...တစ်သင်းနှင့်တစ်သင်း...ဘာပြသ၁နာမှမဖြစ်ပဲ...အောင်မြင်စွာ..
ပြီးဆုံးသွားတဲ့အတွက်ရော...KML ပြိုင်ပွဲတစ်လျှောက်လုံးအဆင်ပြေချောမွေ့ စွာ..ကစားသွားကြတဲ့အသင်းတိုင်းမှကစားသမားတွေရဲ့ 
အားကစားစိတ်ဓါတ်ကတော့...မှတ်ကျောက်တင်လောက်ပါတယ်...အထူးလည်းအသိအမှတ်ပြုပါတယ်...ဒီနေ့ဗိုလ်လုပွဲမှာဆိုရင်..အကြောင်း
အမျိုးမျိုးကြောင့်..လာရောက်အားမပေးနိုင်တဲ့ကျောင်းသားအချို့ကလွဲရင်..အားပေးတဲ့ပရိတ်သတ်အများဆုံးပွဲလို့ဆိုရမှာပါ....အားပေးတဲ့ပရိတ်သတ်တွေရဲ့ ..
အသံတွေဟာကာလုဂါမြို့ ကြီးကိုတောင်တုန်ခါသွားနိုင်ပါတယ်...အဆင့်အတန်းမြင့်စွာအားပေးတဲ့ပရိတ်သတ်ရဲ့ ...စိတ်ဓါတ်ကတော့အလေးထားအတုယူစရာပါ...
မိမိအသင်းနိုင်စေချင်တဲ့စိတ်ဓါတ်ကတော့ကြောက်ခမန်းလိလိပါ...ဒီနေ့ကစားသွားတဲ့ပွဲစဉ်ကိုတင်ပြရမယ်ဆိုရင်...ပထမပိုင်းအကြိတ်အနယ်ရှိလှပါတယ်...ပထမပိုင်းမိနစ်၂၀ကျော်လောက်မှာတော့
Danger အသင်းဟာတကယ်ပဲနာမည်နဲ့လိုက်ပါတယ်..တဖက်အသင်းရဲ့ အမှားကနေ...အပေးအယူချိတ်ဆက်မိစွာနဲ့...BE FC ရဲ့ နောက်တန်းတွေကိုကျော်ကာ..အသင်းခေါင်းဆောင်ရဲကိုကိုဦးမှချပေးလိုက်တဲ့
ဘောလုံးကို..အသင်းရဲ့ စွယ်စုံရအကိုကြီးကိုကျော်မင်းသိန်းမှလှလှပပပိတ်လိုက်တာBE FC ရဲ့ ညာဘက်ဂိုးတိုင်ကိုထိပြီး..ဂိုးရရှိသွားပါတယ်...BE FC အသင်းဟာဆိုရင်လည်းချေပဂိုးပြန်လည်ရရှိဖို့အစွမ်းကုန်ကြိုးစားရတော့ပါတယ်..
မမျှော်လင့်ပဲBE FC ရဲ့ တိုက်စစ်မှူးဘိုဘိုဝင်း(တောကြက်)ဒဏ်ရာရသွားလို့အနားယူလိုက်ရပါတယ်...
ပထမပိုင်းတစ်လျှောက်လုံးDanger FCအသင်းဟာအနိုင်ဂိုးကိုထိန်းထားနိုင်ခဲ့ပါတယ်....ဒုတိယပိုင်း..မှာတော့..BE FC အသင်းဟာချေပဂိုးရရှိရေးအတွက်..ဖိကစားလာတာကိုတွေ့ ရပါတယ်....Danger အသင်းခေါင်းဆောင်နာသွားတဲ့အချိန်..BE FC ရဲ့ တောကြက်ပြန်ဝင်လာတဲ့အချိန်မှာ
ပွဲရဲ့ အဖြေဟာတစ်မျိုးပြောင်းလဲသွားပါတယ်...BE FC ဟာအသင်းဝင်အသင်းဖျက်ရရှိတဲ့အဆုံးသတ်ဘောတွေသာသေချာမယ်ဆိုရင်ဂိုးတွေအများကြီးရရှိမယ်ထင်ပါတယ်...BE FC ရဲ့ ချေပဂိုးကိုတော့...တစ်ချိန်တစ်ခါကမြန့်မာလက်ရွေးစင်အသင်းရဲ့ ..၀င်းအောင်ကြီးလို့တင်စားရလောက်တဲ့
BE FC အသင်းခေါင်းဆောင်.ကျော်သူအောင်မှခေါင်းတိုင်သွင်းသွားပါတယ်...ပွဲတိုင်းမှာခေါင်းတိုက်သွင်းနေကြကျော်သူအောင်ဟာပွဲစဉ်တစ်လျှောက်ခေါင်းတိုက်ဂိုးတွေနဲ့အသင်းကိုအနိုင်ရရှိစေခဲ့ပါတယ်...
ပွဲရဲ့ အရှိန်ဟာတစ်ဖက်သတ်အနေအထားဖြစ်လာပါတယ်...BE FC ဟာချေပဂိုးရပြီးတာနဲ့အနိုင်ရရှိဖို့အတင်းဖိအားပေးလာပါတယ်...အဲဒီအချိန်မှာ.Dange FC ရဲ့ Keyplayer ကိုညီညီလှိုင်ရဲ့ ..လူထုတ်ပုံမှန်ပြီး..ကစားကွက်ပြောင်းကစားတာဟာနည်းဗျူဟာပြောင်မြောက်လှပါတယ်...တစ်ဖက်အသင်းကိုကွင်လည်ထိန်းပြီး
ရှေ့ လယ်နောက်အချိတ်ဆက်မိသွားပါတယ်...တစ်ဖက်တစ်ဂိုးစီနဲ့သရေကျနေတဲ့ပွဲဟာ..အချိန်ပိုကိုဆက်လက်သယ်ဆောင်လာပါတယ်...အချိန်ပိုမှာတော့တစ်သင်းနဲ့တစ်သင်းဘတစ်ပြန်ကျားတစ်ပြန်ထိုးဖောက်တိုက်စစ်ဆင်ကစားသွားလို့ပွဲတော်တော်ဆူလာပါတယ်...ကြည့်လို့ကောင်းတဲ့ပွဲတစ်ပွဲရဲ့ အသွင်ဟာတစ်ဖြည်းဖြည်းရုပ်လုံးပေါ်လာပါတယ်...
အနိုင်းဂိုးရရှိရေး..ဂိုးမပေးရရေးစတဲ့နှစ်ဖက်အသင်းရဲ့ ရှေ့ လယ်နောက်ကစားသမားတွေဟာ...မိမိအသင်းအနိုင်ရရှိရေးအတွက်ကြိုးစားသွားကြပါတယ်...အချိန်ပိုပြီးဆုံးသွားချိန်မှာ...ပင်နယ်တီအဆုံးအဖြတ်အတွက်...၃လုံးစီကန်ရမှာဖြစ်ပါတယ်...
Danger အသင်းရဲ့ တောင်ပံကစားသမားအေပီမှ..ဂိုးဘားကျော်သွားပါတယ်...BE FC ရဲ ကြီးမှလဲဘေးထွက်ဘောဖြစ်သွားပါတယ်...ဒုတိယဂိုးတွေကိုတော့Danger ရဲ့ ကိုကျော်မင်းသိန်းကန်ချက်ပြင်းပြင်ကိုBE FC ဂိုးသမားမှလက်စွမ်းပြကာကွယ်သွားပါတယ်...BE FC ရဲ့ ဒုတိယဂိုးကိုတော့တောကြက်မှလှလှပပကန်သွင်းသွားပါတယ်..
နောက်ဆုံးဂိုးတွကိုတော့DangerFC မှရဲကိုကိုဦးအပြင်းကန်သွင်းသွာခဲ့ပါတယ်..BE FC ရဲ့ အဆုံးအဖြတ်အနိုင်ဂိုးကိုတော့ကျော်သူအောင်(၀င်းအောင်ကြီး)ကသွင်းယူသွားပါတယ်...
ယနေ့ဗိုလ်လုပွဲမှာ BE FC ၃-၂Danger နဲ့ BE FC အသင်းဗိုလ်စွဲသွားခဲ့ပါတယ်...
ဆုပေးပွဲအခန်းအနားမှာတော့..အကောင်းဆုးံဘောလုံသမားဆုရွှေဘောလုံးဆုကိုတော့ Danger အသင်းရဲ့ ကိုညီညီလှိုင်မှရရှိခဲ့ပြီး..ရွှေဖိနပ်ဆုကိုတော့ရဲကိုကိုဦး (Danger FC )မှရရှိသွားပါတယ်..
ပြိုင်ပွဲကြီးပျော်ပျော်ရွင်ရွင်နဲ့အောင်မြင်စွာပြီးမြောက်သွားတဲ့အတွက် KML မှကျောင်းသားများအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..မှတ်တမ်းလည်းတင်လောက်ပါတယ်..
အချိန်နေရာအမျိုးမျိုးမှအားပေးသော...ညီအစ်ကို..သူငယ်ချင်းအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်..လေးစားစွာဖြင့်....
ဆက်လက်ဖတ်ရူရန်..!
Friday, July 24, 2009
KML ဗိုလ်လုပွဲ (BE FC 2 - 1 Danger FC)
Posted by
tarkyi
at
9:59 AM
1
သုံးသပ်ချက်များ ရေးခဲ့ပါ..
1 သုံးသပ်ချက်များ ရေးခဲ့ပါ..
Labels: ဗိုလ်လုပွဲ
Danger Vs Black Eagle( final )
အခုချိန်မှာဆိုရင်တော့ ကျွန်တော်တို့ KaLuGa myanmar league ဘောလုံးပြိုင်ပွဲဟာ အောင်မြင်စွာပြီးဆုံးသွားပါ
ပြီ . ဗိုလ်လုပွဲမှာယှဉ်ပြိုင်ကစားသွားတဲ့ အသင်းများကတော့ DanGer Fc vs Black Eagle united တို့ဖြစ်ပါတယ် .
ဗိုလ်လုပွဲ ဖြစ်သည်နှင့် အမျှုပြိုင်ပွဲ မစတင်မှီကပင် အသင်းလိုက်ပြင်ဆင်မှူများလုပ်ဆောင်ခဲံကြပါတယ် .
Danger အသင်းကတော့ ပြင်ဆင်မှုများအနေဖြင့် တနေကုန်တနေခန်း အိပ်စက်ခြင်း .ထမင်းသုံလုံးချက်တထိုင်တည်းစားခြင်းများ ပြူလုပ်ခဲ့တယ်လို့ သိရှိရပါတယ် .
BE အသင်းဟာဆိုရင်တော့ နို့ကြက်ဥ များဖြင့် ကြံ့ခိုင်မှုပြည့်ဝအောင်လုပ်ဆောင်ပေမယ့် ဖိတ်သွားလို့ မသောက်လိုက်ရပါဘူးခင်ဗျာ.
ဒါပေမယ့် ပြိုင်ပွဲဟာ ထင်ထားသည်ထက်ကို ပိုပြီး ကြည့်ကောင်းခဲ့ပါတယ် Danger အသင်းကတော့ သူတ်ု့ရဲ့ နာမည်ကြီး အလယ်တန်းအားနဲ့ တရပ်စပ် ထိုးဖောက် လိမ်ခေါက် ကိုင်ပေါက် :P (မှားလို့) အချိတ်အဆက်မိမိ ကစားသွားခဲ့ပါတယ် .
Be အသင်းကတော့ဖြင့် Italy ထုံးနှလုံးမူကာ ရှိသမျှ အကုန်ပိတ်ပြီး တန်ပြန်တိုက်စစ် ဖြင့် Danger ဂိုးပေါက်ကို တဒိုင်းဒိုင်းကန်သွင်းကာ ယှဉ်ပြိုင်ကစားသွားခဲ့တာတွေ့ရှိရပါတယ်
ပွဲစသည်နှင့် အမျှ နှစ်ဖက်အသင်းဟာ ရှိစုမဲ့ စု အားများနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ပါတယ် . နာမည်ကြီး တိုက်စစ်မှုးများဖြစ်တဲ့ Danger မှာ ရဲကိုကိုဦးနှင် Be အသင်းမှ ဘိုဘိုတောကြက်တို့ရဲ့ ကန်သွင်းချက်များကတော့ ကြောက်ခမန်းလိလိပါပဲ ...သို့သော်ငြားလည်. မကွေး Fc မှ စိတ်ဝင်းစားခြင်းခံ့နေရတဲ့ နှစ်ဖက် အသင်းဂိုးသမားများက အမှားမရှိပဲ ကာကွယ်ပုတ်ထုတ်နိုင်ခဲ့ပါတယ် ...
ပထမပိုင်း ပြီးဆုံးခါနီးမှာတော့ danger အသင်းရဲ့ နာမည်ကြီး အလယ်တန်းညာစွန် ကစားသမား ကိုကျော်မင်းသိန်းမှာ အပိုင်ကန်ခွင့်ကို အလဟသ မခံပဲ ကန်သွင်းရာ ဂိုးသမားကြိုး၂စား ကာကွယ်ပါသော်လည်း ဂိုးတိုင်ကိုမှန်ကာ လိမ့်ခါ လိမ့်ခါ ဖြင့် ဂိုးစတင်ရရှိသွားပါတယ် .
(ဟူး ....ရေးခိုင်းလို့သာ ရေးရသာ ညောင်းလိုက်တာ..) :P
အဲ့လို အဲံ့လိုနဲ့ပဲ ပထမပိုင်းမှာ Danger အသင်းက ၁း ၀ ဖြင့်ဦးဆောင်နိုင်ခဲ့ပါတယ်
အဲ့ . (တွိတေးသိန်းသံ လေသံဖြင့်) ဒုတိယပိုင်းမှာ Danger အသင်းဟာ . အဲ့ .. အနိုင်ဂိုးကိုထိန်းကစားဖို့ရာ လူအပြောင်းအလဲ လုံးဝ မလဲပဲ ဒီတိုင်းပြန်ဝင်လာပါတယ် .Be အသင်းဟာဆိုရင်လဲ အဲ့.. ချေပဂိုးနဲ့ အနိုင်ဂိုးရဖို့ရာ လူစားမလဲပဲံ ပြန်လည်ယှဉ်ပြိုင်ခဲ့ပါတယ် .. အဲ့ .. နှစ်ဖက်အသင်းဟာအင်တိုက်အားတိုက် ယှဉ်ပြိုင်ကစားနေစဉ်မှာကွင်းပြင်မှာလဲ သောင်းသောင်းဖြဖြ တစ်ဆောင်လုံးလိုက်ပါအားပေးခဲ့ပါတယ် . ထူးခြားမှုအနေနဲ့ကတော့ . BE အသင်းပိုင်ရှင် ရှရှားသန်းကြွယ် သူဥေးကြီး ကိုကြီး အီဗရာအောင်သူရ မှာကိုယ်တိုင်ကိုယ်ကြ လက်သီးလက်မောင်းတန်းပြီးအားပေးတာတွေ့ရှိရပါတယ်။ ကျွန်တော်IPရှာနေစဉ်အတွင်းမှာပဲ BE အသင်းမှာဘယ်ထောင့်ကန်ဘော ကို ဂိုးရှေ့ကိုအနေတော်ခုတ်တင်လိုက်ရာ.. Be အသင်းမှ ခေါင်းဝိဇ္ဖာ(ခေါင်းတိုက်ကောင်းခြင်းကိုဆိုလိုပါသည်) အသင်းခေါင်းဆောင် ကွင်းလယ်ဗိုလ်ချုပ် ကိုဘောကြီး မှ နောက်ခံလူ များကြားထဲကနေ လှလှပပ တိုက်ပြီး ချေပဂိုးသွင်းယူခဲ့ပါတယ် . ပွဲပြီးဆုံးဒီအထိ ၂သင်းလုံးအင်တိုက်အားတိုက်နဲ့ယှဉ်ပြိုင်ကစားပေမယ့် ဘယ်သူ့ဘယ်သူ မှ ဂိုးထပ်မံမရရှိပဲ ၁း၁ ဖြင့်ပြီးဆုံးခဲ့ပါတယ်
အပိုချိန်မှာဆိုရင်ဖြင့် ကြိုး၂စား ကစားကြပါသော်လည်း ပွဲအဖြေမပြောင်းလဲပဲ ၁း၁ ဖြင့်သားအဆုံးအဖြတ် penalty သို့ရောက်ရှိခဲ့ပါတယ် ခင်ဗျာ..
ပထမဆုံး dangerအသင်းမှစတင်ကန်သွင်းရာ ပြင်းထန်လှတဲ့ကန်ချက်ကြေင့် ဘားပေါ်မှကျော်သွားပါတယ် . ကန်သွင်းသူကတော့ တောင်ပံကစားသမား Ap ဖြစ်ပါတယ်ခင်ဗျား။။
BE အသင်းမှလဲ အားကျမခံ ရဲကြီး CB မှတဟုန်ထိုးကန်သွင်းရာမှာ ဘေးချော်သွားပါတယ်
Danger အသင်းမှာ ကိုကျော်မင်းသိန်း ကတော့ သမ္ဘာရင့်ကစားသမားပီပီ ထိချက်မှန်ကန်စွာ ကန်သွင်းသော်ငြားလဲ လူငယ် ဂိုးသမား အောင်ကျော်ယုမှမျက်စိမှိတ်ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်
တဖန် Be အသင်းမှာ တိုက်စစ်မှုး ဘိုဘိုတောကြက်မှ ယိုင်တိယိုင်တိုင်အားနဲ့ ဂိုးသမား ညာဖက်ကို အပြင်းကန်သွင်းနိုင်ခဲ့ပါတယ် ။
နောက်ဆုံးပန်နယ်တီမှာတော့ Danger အသင်းမှ တိုက်စစ်မှုး singletonခေါ်ရဲကိုကိုဦးမှ လှပစွာကန်သွင်းနိုင်ခဲ့ပါသော်လည်း နောက်ဆုံးပန်နယ်တီကို ကွင်းလယ်ဗိုလ်ချုပ်မှာကန်သွင်းနိုင်ခဲ့တဲ့ အတွက်
BLack Eagle united မှ ၃း ၂ ဂိုးဖြင့် KlM ဖလားကြီးကိုဆွတ်ခူးရရှိသွားပါတယ်ခင်ဗျား
ဆုဖလားနှင့်ဆုတဆိပ်များကိုတော့ ကိုကြီးမင်းမင်းအောင်ကိုယ်တိုင်ချီးမြင့်ခဲ့ပါတယ် ။ အကောင်းဆုံးဘောသမားဆုကိုတော့ Danger မှ ကို ညီညီနိုင် .ဂိုးသွင်းအများဆုံးဆုကိုတော့ ရဲကိုကိုဦးတို့မှရရှိသွားပါတယ်
ဒီပွဲဖြစ်မြောက်ရေး အတွက် ကူညီပံ့ပိုး ပေးတဲ့ ကိုစိုင်းနှင့် ကို ကျောက်လုံး ခေါက်ဆွဲဆိုင်. ကိုစိုင်းထွန်း၂နိင် (kaluga shop) . မှတ်တမ်းတင်ရိုက်ကူးပေးတဲ့ ကိုကြီးမင်းမင်းအောင် နှင့် စင်ရော်မောင်မောင်လှိုင် .. မနားမနေပြုစုပေးတဲ့ ဆေးမှုး ကိုစိုင်းနဲ့စည်သူဇော် . အားပေးကြတဲ့ ပရိသတ်အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ် ခင်ဗျား
CNn sport journalist (PapawaDi)
ဆက်လက်ဖတ်ရူရန်..!
Posted by
tarkyi
at
9:06 AM
0
သုံးသပ်ချက်များ ရေးခဲ့ပါ..
Monday, July 20, 2009
အသင်းလိုက် ရပ်တည်မူ အခြေအနေ
အသင်းလိုက် ရပ်တည်မူအခြေအနေကို အောက်မှာ ဇယားလေးနဲ့ကြည့်ရူနိင်ပါတယ်.....
ဆက်လက်ဖတ်ရူရန်..!
Posted by
tarkyi
at
1:44 PM
19
သုံးသပ်ချက်များ ရေးခဲ့ပါ..
Labels: အသင်းလိုက် ရပ်တည်မူ အခြေအနေ
Sunday, July 19, 2009
ပွဲစဉ် ၇(၁၉.၀၇.၂၀၀၉) CK United ၄ - ၀ Охотники သုံးသပ်ချက်
ဒီနေ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ CK United အသင်းက Охотники ကို ၄ ဂိုး၊ ဂိုးမရှိနဲ့ အနိင်ရရှိခဲ့ပါတယ်… Охотники အသင်းဟာ ပွဲစဉ် ၃ နဲ့ ပွဲစဉ် ၅ နစ်ပွဲစလုံးမှာ ရှုံးနိမ့်ထားတဲ့ အသင်းဖြစ်ပါတယ်… CK United အသင်းကတော့ အရင်ပွဲစဉ် ၂ ခုမှာ ၁ ပွဲရှုံး ၊ ၁ ပွဲ သရေ ရရှိထားတဲ့အသင်းဖြစ်ပါတယ်.. ဒီနေ့ပွဲစဉ်မှာ CK United အသင်းဟာ ဗိုလ်ပွဲသို့တက်ရောက်ရန်မျှော်လင့်ချက်ကလေးနဲ့ ပွဲစဉ်စကတည်းက တစ်ဖက်သင်းကို ဖိအားပေးကစားခဲ့ပါတယ်.. ပွဲစဉ်စပြီး ၂ မိနစ်ကျော်ကျော်မှာပဲCK ရဲ့ အရှေ့တန်းတိုက်စစ်မှူး ညီညီအောင်က ဖွင့်ဂိုးကို သွင်းယူခဲ့ပါတယ်. ဒီဂိုးဟာ ပွဲစဉ်တစ်လျှောက်လုံးရဲ့ မြန်ဆုံးသွင်းထားတဲ့ ဂိုးဖြစ်ပါတယ်.. နောက်၁၅ မိနစ်မှာပဲ ဆက်တိုက်ဆိုသလို ညီညီအောင်ကပဲ လှလှပပကန်သွင်းခဲ့ပါတယ်… ပထမပိုင်း မိနစ် ၃၀ ကို ၃ ဂိုး၊ ဂိုးမရှိနဲ့ ပြီးဆုံးခဲ့ပါတယ်… ဒုတိယပိုင်းမှာ CK United အသင်းက ဒေးဗစ်သောင်းအစား သန်းနိင်စိုးက ၀င်ရောက်ကစားခဲ့ပါတယ်… ဒုတိယပိုင်း ၁၀ မိနစ်လောက်မှာပဲ လူစားလဲ ၀င်လာတဲ့ သန်းနိင်စိုးက ထောင့်ကန်ဘောမှတစ်ဆင့် လှလှပပ ခေါင်းတိုက်သွင်းယူခဲ့ပါတယ်…. အခုပွဲမှာ CK United အသင်းက ၄ ဂိုး၊ ဂိုးမရှိနဲ့ အနိင်ရလိုက်တဲ့ အတွက် ဗိုလ်လုပွဲသို့တက်ရောက်ရန် မျော်လင့်ချက်လေးရရှိလာပါပြီ..
မနက်ဖြန် ကစားမည့် ပွဲစဉ် ရဲ့ ရလဒ်ပေါ်မှာလဲ မူတည်နေပါသေးတယ်…. မနက်ဖြန်ပွဲစဉ်မှာ Danger FC အသင်းက BE FC အသင်းကို အနိင် သို့မဟုတ် သရေ ကစားမယ်ဆိုရင်အဖြစ် CK United အသင်း ဟာ ပွဲစဉ် ၁၀ မှာ BE FC နင့်ထိပ်တိုက်တွေ့ဆုံရမည်ဖြစ်ြပီး BE FC အသင်းကို အနိင်ကစားနိင်ပါက ဂိုးကွာခြားချက်နဲ့ ဗိုလ်လုပွဲသို့တက်ရောက်နိင်မှာဖြစ်ပါတယ်… BE FC အသင်း ဟာ ၂ ပွဲကစား ၂ ပွဲ နိင်ထားပြီး ၆ မှတ် ရရှိထားတဲ့ ဒုတိယနေရာက အသင်းဖြစ်ပါတယ်…
မနက်ဖြန်ပွဲစဉ်မှာသာ BE FC အသင်းက Danger FC အသင်းကို အနိင်ကစားလိုက်ရင်ဖြစ် CK United အသင်းဟာ အလိုအလျှောက် အုပ်စုမှ ထွက်ခွာသွားရမှာဖြစ်ပါတယ်.. Danger FC အသင်းကလဲ အရှုံးပွဲမရှိ ဂုဏ်လေးကို ဆက်ထိန်းထားမယ်ဆိုရင်တော့ CK United အသင်းအတွက် မျှော်လင့်ချက်ကောင်းလေးဖြစ်လာမှာပါ…
ဒါကြောင့် မနက်ဖြန် ကစားမည့် ပွဲစဉ်ရဲ့ ရလဒ်ကို စောင့်ကြည့် ကြရအောင်လားဗျာ…………..
ဆက်လက်ဖတ်ရူရန်..!
Posted by
tarkyi
at
11:31 AM
0
သုံးသပ်ချက်များ ရေးခဲ့ပါ..
Labels: ရလဒ်နင့် သုံးသပ်ချက်များ
Saturday, July 18, 2009
ပွဲစဉ် ၆(၁၈.၀၇.၂၀၀၉) DANGER FC & ROYAL FC သုံးသပ်ချက်
DANGER FC ဟာ ဗိုလ်လုပွဲ တက်ရန်သေချာသွားပြီဖြစ်တဲ့
ပွဲစဉ် ၆ မှာ ၆ ဂိုး ၁ ဂိုးဖြင့်အနိုင်ယူလိုက်ကာ ရမှတ် ၉မှတ်ဖြင့် ဦးဆောင်နေလျက်ရှိပါတယ်ခင်ဂျ….ဂိုးများကိုလည်း ပထမပိုင်းမှာ ဂိုးပေါက်မတွေ့တဲ့ အေပီ က ၂ ဂိုး သွင်းတယ်ပေါ့ဗျာ..အဟဲ..ဒုတိယပိုင်းမှာဆော့ ရဲကိုကိုဦး က ၃ ဂိုး ကိုညီညီလှိုင် က ၁ ဂိုး ပေါ့ဗျာ…ဒီဂိုး တွေကို ကိုဖာဂီကြီးနှင့် ညီလေး စူပါစပ်ကဲသို့ အားကိုးရသော မိုက်ကယ်အိုဝင် ခေါ် သန့်ဇော်ဝင်း တို့က ဖန်ပေးတယ်ပေါ့ဗျာ…အကောင်းဆုံးကိုတော့ ဒိုင်လူကြီး ကိုလီနာခေါ်(ချောကြီး) က ကိုညီညီလှိုင် ကိုပေးပါတယ်တဲ့ ဒါ့ကြောင့် အကောင်းဆုံးဆု ကိုညီ ပေါ့ဗျာ…..အဟဲ …ကျွန်တော်တို့ အသင်း ကတော့ ဒိန်းဂျားနော်…အဟဲ..ကြက်ကန်း ဆန်အိုး တိုးနေတာလားမသိဘူး…ပွဲတိုင်းကို နိုင်နေတာပဲ..အဟဲ
ကျွန်တော် ကတော့ ဂိုးသွင်းသူများစာရင်းမှာ ပါနေပါပြီ…မှတ်ချက်…ရမှာမဟုတ်ပါဘူး…အဟီး
CK ယူနိုက်တက်လည်း မနက်ဖြန်မှာ နိုင်ခဲ့မယ်ဆိုရင် မျှော်လင့်ချက် တပုံတပင် ရှိပါသေးတယ်…အဲဒီ အသင်းက တာကြီး(အဒမင်)ဟာ ဘောပွဲကလည်းမနိုင် ချစ်သူကလည်းပြစ်ဆိုတော့ကျွှန်တော့်ဆီကို လာလာပြီးငြီးနေလို့ပါ…တော်ကြာ..အဟဲ…
အားငယ်သူကိုအားပေးတာပါ…ROYALကတော့လစ်ပြီပေါ့ဗျာ..နောက်နှစ်မှာ ကစားသမားကောင်းများကို ၀ယ်မယ်လို့သိရပါတယ်…ဘာလို့လဲဆိုတော့သူတို့ အသင်းကို အေဗရာမိုချစ်(အီသီရိုးပီးယားသူဌေး)က ၀ယ်မယ်လို့သိရပါတယ်..နည်းပြကလည်း မော်ရင်ဟို ကဲ့သို့ပိုင်ကြီး စီမန်ခန့်ခွဲမှုကောင်းပါတယ်…ဒါပေမယ့်ဗျာ…အဟဲ…
ဆရာချစ်ဟာဆိုရင်လည်း အရင်နေ့တွေက ဆံပင်အရှည်နဲ့ ဂိုးမသွင်းနိုင်ဘူး ထင်ပြီး ဘရာဇီး ကဒိုကြီးကဲ့သို့ ဂတုံး နဲ့ဂိုးတွေ ချွတ်မယ်ဆိုပြီးကန်လိုက်တာ ထင်သလိုမဖြစ်လာတော့ စိတ်ဓါတ်ကျပြီး စောစောစီးစီးပြန်မယ်လုပ်လို့ ဒိုင်လူကြီး ကိုလီနာ ချောကြီး က ဒရော့ဘာလို ပွဲပယ်ခံရမယ် ဆိုလို့ပြန်လှည့် လာပါတယ်…အဟဲ..အောင်မိုး(ရော်ဘင်ဟို)ကတော့ သူတို့အသင်းရဲ့ ဘဲဥ ကိုခွဲလိုက်တယ်ပေါ့ဗျာ…၁ဂိုးချေပနိုင်ပါတယ်..တော်တော်ကြိုးစားပါတယ်…နောက်နှစ် ဗီလာ နဲ့တွဲ ကန်ရမှာ လာလီဂါ မှာ.ညီလေး..စိတ်မပူပါနဲ့…
ကျွန်တော့် စာလေးကို ဖတ်ပေးတဲ့ အတွက်ကျေးဇူးပါ…
အစီရင်ခံသူ အေပီ
နစ်နာလိုစိတ်မဂှိပါ….အမှားပါရင် ခွင့်လွှတ်ကြပါရန်
အကိုများ၊ညီငယ်များနှင့်သူငယ်ချင်းများ
ဆက်လက်ဖတ်ရူရန်..!
Posted by
tarkyi
at
1:30 AM
0
သုံးသပ်ချက်များ ရေးခဲ့ပါ..
Labels: ရလဒ်နင့် သုံးသပ်ချက်များ
Friday, July 17, 2009
18.07.2009(သောကြာနေ့) အတွက် ပွဲစဉ်အတွက်သုံးသပ်ချက်
မနက်ဖြန်ကစားမယ့် ပွဲစဉ်ကတော့ Danger Fc နဲ့ Royal Fc အသင်းတို့ ဖြစ်ပါတယ်…မနက် ၁၀ နာရီလောက်မှာကစားမယ်လို့ သိရပါတယ်။ Danger Fc က နှစ်ပွဲကစား နှစ်ပွဲနိုင်ထားတဲ့ အတွက် ဗိုလ်လုပွဲ အတွက်လက်မှတ်ကို သေချာသလောက်ရှိနေပါပြီ..Royal Fc ကို သရေကစားနိုင်ရင်တောင်ဗိုလ်လုပွဲ အတွက် သေချာပြီဖြစ်တဲ့ အတွက် အနာတရမရအောင်ထိန်းသိမ်းကစားသွားမယ်အခြေအနေရှိပါတယ်။တဘက်အသင်းကလဲ နှစ်ပွဲကစား တစ်ပွဲသရေ တစ်ပွဲရှုံးထားလို့ 
ရမှတ် ၁ မှတ်တာ ရရှိနေသောအသင်းဖြစ်တဲ့ အတွက်..စိတ်ဓတ်အခြေအနေအရတော့ တစ်သင်းက ဗိုလ်ပွဲအတွက် တစ်သင်းက သိက္ခာဆယ်မဲ့ အတွက် ဘာပဲဖြစ်ဖြစ် ပွဲကောင်းတစ်ပွဲတော့ဖြစ်လာမယ်လို့ မျော်လင့် မီပါတယ်
ဆက်လက်ဖတ်ရူရန်..!
Posted by
tarkyi
at
12:01 PM
1
သုံးသပ်ချက်များ ရေးခဲ့ပါ..
1 သုံးသပ်ချက်များ ရေးခဲ့ပါ..
Labels: ကြိုတင်သုံးသပ်ချက်များ
အကောင်းဆုံးဆု ပွဲစဉ်လိုက်နှင့် ဂိုးသွင်းထားကြသူများ
ပွဲစဉ်လိုက် အကောင်းဆုံး
ပွဲစဉ် ၁ မှာတော့ အကောင်းဆုးံဘောလုံးသမားဆုကို …ကိုညီညီလှိုင် (DANGER FC)
ပွဲစဉ် ၂ မှာတော့ အကောင်းဆုးံဘောလုံးသမားဆုကို …ကျော်သူအောင် (BE FC)
ပွဲစဉ် ၃ မှာတော့ အကောင်းဆုးံဘောလုံးသမားဆုကို …ရဲကိုကိုဦး (DANGER FC)
ပွဲစဉ် ၄ မှာတော့ အကောင်းဆုးံဘောလုံးသမားဆုကို …ညီညီအောင် ( CK )
ပွဲစဉ် ၅ မှာတော့ အကောင်းဆုးံဘောလုံးသမားဆုကို …ဥာဏ်ပိုင်စိုး ( Охотники )
ပွဲစဉ် ၆ မှာတော့ အကောင်းဆုးံဘောလုံးသမားဆုကို …ကိုညီညီလှိုင် (DANGER FC)
ပွဲစဉ် ၇ မှာတော့ အကောင်းဆုးံဘောလုံးသမားဆုကို …ညီညီအောင် ( CK )
ဂိုးသွင်းထားကြသူများ
၁ ရဲကိုကိုဦး (DANGER)- ၆
၂ ညီညီအောင်(СК) - ၎
၃ ကိုညီညီလှိုင်(DANGER)- ၂
၎ အောင်ဖြိုး(DANGER)-၂
၅ သန်းနိုင်စိုး (СК) - ၂
၆ ကျော်သူအောင်(BE) - ၂
၇ ဖြိုးဇော်(Royal)-၁
၈ အောင်မိုး(Royal) - ၁
အစီရင်ခံသူ
အေပီ(တောင်ပံ)
ဆက်လက်ဖတ်ရူရန်..!
Posted by
tarkyi
at
7:18 AM
1
သုံးသပ်ချက်များ ရေးခဲ့ပါ..
1 သုံးသပ်ချက်များ ရေးခဲ့ပါ..
ဆေးပိုင်းဆိုင်ရာ
အခုဆိုရင် ကျွန်တော်တို့ရဲ့ KML league ဘောလုံးပြိုင်ပွဲဟာ ပြိုင်ပွဲကာလ ကြာမြင့်လာသည်နှင့် အမျ ပြိုင်ဆိုင်မှုများ ပြင်းထန်လာသည်နဲ့အပြိုင် ဒဏ်ရာရ ကစားသမားများ များပြားလာသည်ကို တွေ့ရှိရပါတယ်။ ထို့ အတွက်ကြောင့် ပြိုင်ပွဲမစတင်မှီ
တစ်ရက်အလို မှာ ကြံ့ခိုင်မှုများ ဆန်းစစ်ပါမယ်.. :D ဆေးအဖွဲ့ အနေနဲ့ စစ်ဆေးသွားမှာကတော့
၁။ လက်ထောက်မှောက် ( ၁ မိနစ် = အကြိမ် ၆၀ )
၂။ ထိုင်ထ ( ၁ မိနစ်= အကြိမ် ၈၀ )
၃။အိပ်ထမတင် ( ၁ မိနစ် = အကြိမ် ၈၀)
၎။ မီတာ (၁၀၀၀၀ ) အပြေး
စသည် ကြံ့ခိုင်မှုများကို စစ်ဆေးသွားမှာဖြစ်ပါတယ် .. ကြံ့ခိုင်မှု မပြည့်ဝသည့် ကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာ မဟုတ်ပါဘူး
တားမြစ် ဆေးဝါးများ အနေနဲ့ အောက်ပါ တို့ကို တားမြစ်ပါတယ်
၁။ အရက် .( ပါလီမန်. ဘောဂါ . မြှာကော့ )
၂။ဘီယာ ..( ဘော့ချကာ… ကလင်စကိုရဲ … )
၃။မြဟင်္သာ …
သောက်သုံးထားသည့်ကိုတွေ့ရှိပါက ပြိုင်ပွဲဝင်ခွင့်ရရှိမည်မဟုတ်ပါ။
တားမြစ်ဆေးဝါးများ တွေ့ရှိပါက ဆေးအဖွဲ့ ( fun ) အဖြစ် သိမ်ဆည်းသွားပါမည်။
ပုံ
ဆေးမှုး . ဒေါက်တာ Healer (elemental Crown 1 )
ဆက်လက်ဖတ်ရူရန်..!
Posted by
tarkyi
at
5:06 AM
3
သုံးသပ်ချက်များ ရေးခဲ့ပါ..
Labels: ဆေးဆိုင်ရာ
Thursday, July 16, 2009
17.07.2009(သောကြာနေ့) ပွဲစဉ်အတွက် ကြိုတင်သုံးသပ်ချက် BE FC Vs Охотники
မနက်ဖြန်ကစားရမယ့် ပွဲစဉ်ကတော့ BE FC Vs Охотники အသင်းတို့ဖြစ်ပါတယ်... BE FC အသင်းဟာ Royal FC အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိင်ယူထားပြီး.. Охотники အသင်းကတော့ Danger FC အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရုံးထားပါတယ်...
Охотники အသင်းဟာ အနိင်ပွဲမရှိသေးတဲ့အတွက် အနိင်ရအောင် ကစာြး့မယ့်အခြေအနေရှိသလို တစ်ဖက်အသင်း BE FC အသင်းက လဲ ဗိုလ်လုပွဲ ကို တက်လှမ်းနိင်ဖို့ အတွက် ကြိုးစားကစားကြမယ့် အခြေအနေရှိနေပါတယ်ဗျာ...
အားကစားဝါသနာရှင်များ ဒီနေရာလေးမှာသုံးသပ်ချက်လေးများတင်ပေးပါအုံး....
ဆက်လက်ဖတ်ရူရန်..!
Posted by
tarkyi
at
11:42 AM
2
သုံးသပ်ချက်များ ရေးခဲ့ပါ..
Labels: ကြိုတင်သုံးသပ်ချက်များ
16.07.2009(ကြာသပတေးနေ့) CK United 1 - 1 Royal FC
ဒီနေ့ ပွဲက တော့ တစ်ဖက်ဂိုးစီနဲ့သရေကျသွားပါတယ်…. နစ်သင်းစလုံးဟာ အနိင်ရရှိရေးအတွက် ကြိုးစားပြီးကစားကြတဲ့ အလွန်ကြည့်လိုက်ကောင်းတဲ့ ပွဲလေးတစ်ပွဲဖြစ်ခဲ့ပါတယ်… ပထမ ပိုင်း မိနစ် ၂၀ လောက်မှာ CK United အသင်းက အနိင် ဂိုးကို ညီညီအောင်က စသွင်းခဲ့ပါတယ်… CK United အသင်းဟာ ပထမပိုင်းမှာ အနိင်ကို ကို ထိန်းကစားနိင်ခဲ့ပါတယ်…. ဒုတိယပိုင်းမှာတော့ Royal FC အသင်း ဟာ ချေပဂိုးပြန်လည်ရရှိဖို့ အတွက် ကြိုးစားကစားခဲ့ကြပါတယ်… ဒုတိယပိုင်း ၂၅ မိနစ်လောက်မှာပဲ Royal FC အသင်းက ချေပဂိုးကို ဖြိုးဇော်က သွင်းယူသွားခဲ့ပါတယ်…
ဒီနစ်သင်းစလုံးဟာ အခုဆိုရင် တစ်ပွဲ ရုံး တစ်ပွဲ သရေ ဖြစ်ပြီး CK United အသင်းက ရဂိုး ၂ ဂိုး ပေးဂိုး ၃ ဂိုးနဲ့ တတိယနေရာ ၊ Royal FC အသင်းက ရဂိုး ၁ ဂိုး ပေးဂိုး ၂ ဂိုးနဲ့ စတုတ္ထနေရာ မှာ ရောက်ရှိနေခဲ့ပါတယ်…………
ဒီနစ်သင်းစလုံး ဟာ နောက်ထပ် ၂ ပွဲ သာ ကန်ရတော့မှာဖြစ်တဲ့ အတွက် နောက် ၂ပွဲစလုံးနိင်မှာသာ ဗိုလ်လုပွဲသို့ တက်ရောက်ရန် အလားလာ ရှိမှာဖြစ်ပါတယ်…..
ဆက်လက်ဖတ်ရူရန်..!
Posted by
tarkyi
at
11:40 AM
0
သုံးသပ်ချက်များ ရေးခဲ့ပါ..
Labels: ရလဒ်နင့် သုံးသပ်ချက်များ
Wednesday, July 15, 2009
15.07.2009(ဗုဒ္ဒဟူးနေ့) ပွဲစဉ် Danger FC 2 - 0 Охотники
DANGER FC အသင်းဟာဒုတိယခြေလှမ်းကို လှမ်းပြီးပါပြီ ပွဲစဉ် ၂ အပြီးမှာ နှစ်ပွဲကစား နှစ်ပွဲနိုင် ရမှတ် ၆ မှတ်ပေါ့ဗျာ..အဟဲ ပထမပိုင်း၈ မိနစ်မှာ အဖွင်းဂိုးကို ရဲကိုကိုဦး မှ စတင်သွင်းယူခဲ့ပါတယ်…ဒုတိယပိုင်းမှာလဲ ရဲကိုကိုဦီးက ပဲ ဒုတိယ ဂိုးကို သွင်းယူပေးခဲ့ပါတယ်….အသင်းခေါင်းဆောင်ဆို သလို တာဝန်ကျေကျေ နဲ့ကစားသွားခဲ့တာဖြစ်ပါတယ်… DANGER FC ကျွန်တော်တို့ အသင်းဟာဆိုရင် ကစားအားကောင်းကောင်းနဲ့ အနိုင်ရအောင် ကစားခဲ့ပါတယ်….ကစားကွက်ကတော့ခန့်မှန်းလို့ခက်မယ်ဗျ..တဖက်အသင်းရဲ့ အခြေအနေကိုကြည့်ပြီး ကစားကွက်က ပြောင်းနေတာမလို့ပါ…ကြီးကြီးကျယ်ကျယ်နဲ့…အဟဲ..အလယ်တန်းကို ဦးစားပေးပြီး ရှေ့တန်းမှာ ရဲကိုကိုဦးကို အထောင်ထားပြီး ကစားသွားပါတယ်…နောက်ပွဲတွေကတော့ ကစားကွက်ပြောင်းနိုင်တယ်လို့ ဖာဂီကြီးကပြောပါတယ်….ဖာဂီ-အကိုကြီး ကိုကျော်မင်းသိန်းပေါ့ဗျာ…အဟဲ..ကွင်းလယ်ဖန်တီးရှင်ကတော့ အကိုကြီးကိုညီညီလှိုင်ပေါ့ဗျာ….ကျွန်တော်ကတော့တောင်ပံတိုက်စစ်အကူပေါ့ဗျာ…ဂိုးပေါက်တော့မတွေ့သေးဘူးဗျ..အဟဲ..ဂိုးက်ံခေနေတာနောက်တန်းမှာလဲအင်အားတောင့်တင်းတယ်ပေါ့ဗျာ..အခုထိပေါ့ဂိုးသမားလည်းလဲတော်တော်လက်စွမ်းပြတယ်..သိပ်ကိုမဖမ်းလိုက်ရလို့ပါ.နောက်တာနော်...အဟဲ..ပြောရမယ် ဆိုရင်တော့ နာမည်နဲ့လိုက်အောင်ဒိန်ဂျားပါဂျလို့….အဟဲ..ကျန်တဲ့အသင်းတွေလည်း မျှော်လင့်ချက် ကိုယ်စီ ရှိနေဆဲပါပဲ….ကောင်းပါတယ်…အသင်းတွေ က ညီလို့ကန်ရတာလဲခက် ..ဂိုးသွင်းရတာလဲ ခက်တာကိုတော့ သုံးသပ်မိပါတယ်…
DANGER FC (တောင်ပံ)
ဆက်လက်ဖတ်ရူရန်..!
Posted by
tarkyi
at
4:49 PM
0
သုံးသပ်ချက်များ ရေးခဲ့ပါ..
Labels: ရလဒ်နင့် သုံးသပ်ချက်များ
16.07.2009(ကြာသပတေးနေ့) ပွဲစဉ်အတွက် ကြိုတင်သုံးသပ်ချက်
မနက်ဖြန် ကစားရမယ့် ပွဲကတော့ CK United Vs Royal FC အသင်းတို့ ဖြစ်ပါတယ်.. မနက် 10.00 နာရီမှာ ပွဲအချိန်စပါမယ်.. CK United အသင်းဟာ Danger FC ကို ရူံးထားတဲ့ အသင်းဖြစ်ပြီး Royal FC အသင်းကလဲ BE FC ကို အရူံးထားတဲ့ အသင်းဖြစ်ပါတယ်.. နစ်သင်းစ လုံး ဟာ နိင်ပွဲ မရရှိသေးတဲ့ အတွက် အနိင်ရအောင် ကစားကြမယ့် အခြေအနေရှိနေကြပါတယ်.. ဘာပဲဖြစ်ဖြစ် ဒီနစ်သင်းတွေ့ဆုံမူဟာ စိတ်ဝင်စားစရာလဲကောင်းပြီး အကြိတ်အနယ်ဖြစ်မယ့် ပွဲလေးတစ်ပွဲ ဖြစ်လာလိမ့်မယ်ဆိုတာ သေချာပါတယ်… အားပေးသူ ပရိတ်သတ်များ ရဲ့ ကြိုတင်သုံးသပ်ချက်လေးကို လဲ တင်ပြစေချင်ပါတယ်ဗျာ…. ဆက်လက်ဖတ်ရူရန်..!
Posted by
tarkyi
at
10:48 AM
1
သုံးသပ်ချက်များ ရေးခဲ့ပါ..
1 သုံးသပ်ချက်များ ရေးခဲ့ပါ..
Labels: ကြိုတင်သုံးသပ်ချက်များ
KML ဘောလုံးပြိုင်ပွဲကြီး၏…. ဒဏ်ရာရ..ကစားသမားများအခြေအနေ…
……………………………………………………………………………………
ပြိုင်ပွဲကြီးစတင်လာပြီနဲ့ အတူ..ဖြစ်လေ့ဖြစ်ထရှိတဲ့.. ဒဏ်ရာရကစားသမားများနှင့်… အသင်း
ရဲ့ စုဖွဲ့ ပုံတွေဟာလဲ..ပြောင်းလဲသွားနိုင်ပါတယ်…
BE အသင်းရဲ့ အဓိကညာစွန်ခံစစ်မှူး..ကိုတင်ကိုကိုဝင်ဟာဆိုရင်လည်း… လေ့ကျင့်ရေးကွင်းအတွင်း…ထိခိုက်မှုကြောင့် ..ပွဲဦးထွက်ပွဲနဲ့လွဲချော်ခဲ့ပါတယ်… ဆေးကုသမှုခံယူလျှက်ရှိရာ… (၁၇)ရက်နေ့…()ပွဲ့မှာပြန်လည်ပါဝင်နိုင်မည်.. ဖြစ်ကြောင်းအသင်းရဲ ဆရာဝန်..Dr.Eipe..ကပြောကြားသွားပါတယ်…. အခုဆိုရင်ကိုတင်ကိုကိုဝင်း အနေနဲ့ …. အကြီးစားလေ့ကျင့်မှုတွေဖြစ်သော… အဆုပ်ကြံ့ခိုင်မှုစမ်းစစ်သည့်အနေဖြင့်…
တနေကုန်ဆေးလိပ်သောက်ခြင်း… အသည်းစမ်းသပ်မှုအနေဖြင့်.. တစ်ညလုံးအရက်ထိုင်သောက်ခြင်း … စသောအကြီးစားလေ့ကျင့်မှုများကိုလေ့ကျင့်နိုင်ပါပြီ…..:D..
……………………………………………………………………………………………………
CK United အသင်းရဲ့  Key player ဖြစ်သော..ငါကြီးမှာလည်း…(၁၃)ရက်နေ့က..ကစားခဲ့သော…Dnager FC နှင့်ကစားခဲ့သောပွဲစဉ်တွင်…ခြေဖမိုးဒဏ်ရာ.. ရရှိခဲ့ပါသည်…ဆေးကုသမှုများခံယူနေရပါသည်…Dr.Eipe ရဲ့ ပြောဆိုချက်အရ…ငါကြီးမှာ…(၁၆)ရက်နေ့ပွဲစဉ်(၄)ဖြစ်သော…Royal နှင့်ပွဲတွင်လွဲချော်ဖွယ်ရှိကြောင်းပြောကြားသွားပါသည်… ငါးကြီးအနေဖြင့်..အသေးစားလေ့ကျင့်မှုဖြစ်သော… တစ်နေကုန်ဂိမ်းကစားခြင်းများ..တစ်ညလုံး…ဗီဒီယိုကားများကြည့်ချင်စသော လေ့ကျင့်ခန်းငယ်များလေ့ကျင့်နေပါပြီ…:D..
…………………………………………………………………………………………………………..
ဒဏ်ရာရကစားသမားများကို…ကာလုဂါ၏နာမည်အကြီးဆုံး (IR)သတင်ဌာနမှမေးမြန်းခဲ့ရာတွင် …………………………………………………………………………………………………………………
စပ်စု။….။ဒဏ်ရာအခြေအနေသက်သာလာပြီလား?
ကိုဝင်း။…။သက်သာသလိုတော့ရှိပါတယ်..အခုဆိုရင်အကြီးစားလေ့ကျင့်မှု တွေလုပ်နိုင်ပါပြီ။
စပ်စု။…။ဆေးကုသခံနေစဉ်ဘယ်လိုခံစားရသလဲ…ဘယ်အကြောင်းတွေ အဓိကစဉ်းစားမိပါသလဲ.?
ကိုဝင်း။…။Dr.Eipeရမ်းမှန်းပြီးနှိပ်ပေးနေစဉ်တော့ အသည်းခိုက်အောင်နာပါတယ်… သူကတော့ပြောပါတယ်… စိတ်မပူပါနဲ့တဲ့..ပျောက်သွားမှာပါတဲ့ ခြေတောက်.(ဒဏ်ရာမဟုတ်…:P)
စပ်စူ။…။ CK နဲ့ပွဲမှာပြန်လည်ကစားနိုင်ပါမလား?
ကိုဝင်။…။ကစားနိုင်မယ်ထင်ပါတယ်… တစ်ပွဲတည်းပါ..နောက်ပွဲတွေမှာနားရအုံးမှာပါ.. ကျွန်တော့ကစားပုံက…လူရှောင်ကစားတတ်ပြီး…မ၀င်တိုးတတ်တော့…ထပ်ကျိုးအုံးမှာပါ။:L
စပ်စု။…။အရင်ကရောဒဏ်ရာရဖူးပါသလား?
ကိုဝင်း။…။ အရင်ကတော့သိပ်ကြီးကြီးမားမားမဖြစ်ဖူးပါဘူး..။ ဘယ်ဘက်ဒူးခေါင်ဲးပြုတ်သွားလို့…ဆေးရုံမှာ(၁)လလောက်..ကျောက်ပတ်တီးပဲစည်းဖူးတာပါ…
စပ်စု။…။ကျေးဇူးတင်ပါတယ်ကိုဝင်း..ယခုလိုဖြေကြားပေးတဲ့အတွက်?
………………………………………………………………………………………………………..
လျှာရှည်။…။ဒဏ်ရာအခြေအနေသက်သာမှုရှိပါသလား?
ငါကြီး။….။သက်သာပါတယ်…လူပြောတာပါ..ထမင်းချက်စရာမလိုဘူး.. နာနေတော့အေးဆေးစားးရုံပဲ။
လျှာရှည်။…။ဒဏ်ရာရတဲ့အတွက်ဘယ်လိုခံစားရပါသလဲ.?
ငါကြီး။….။ကိုချောကြီးကိုအားမနာတမ်းပြောရရင်ပျော်တယ်ဗျ…နောက်ပွဲတွေမှာ.. မပြိုင်းတော့ဘူးလေ::P
လျှာရှည်။…။ဆေးကုမှုအခြေအနေ?
ငါကြီး။….။Dr.Eipe ကတော့ညီလေးနာလားဆိုပြီး..နာလေနှိပ်လေပဲ…မျက်ရည်တောင်ကျတယ်… နောက်မလာရဲ
အောင်တော့ကုသပေးရှာပါတယ်….။
လျှာရှည်။…။(၁၆)ရက်နေ့ Royal ပွဲမှာလွဲချော်ဖွယ်ရှိတယ်ဆိုတာ..မှန်ပါတယ်?
ငါကြီး။….။မှန်ပါတယ်…အခုတော့သက်သာပါတယ်…လူ..:D?အခန်းဖော်.. အသင်းသားများမဖတ်မိပါစေနဲ့…
လျှာရှည်။…။ကျေးဇူတင်ပါတယ်..ကိုငါကြီးယခုလိုဖြေကြားပေးတဲ့အတွက်
……………………………………………………………………………………………………………………………………..
ဆက်လက်ဖတ်ရူရန်..!
Posted by
tarkyi
at
2:39 AM
3
သုံးသပ်ချက်များ ရေးခဲ့ပါ..
Labels: ဆေးဆိုင်ရာ
Tuesday, July 14, 2009
15.07.2009(ဗုဒ္ဒဟူး)ပွဲစဉ်အတွက် ကြိုတင်သုံးသပ်ချက်
ကျွန်တော်တို့ အခုလာမယ့် 15.07.2009(ဗုဒ္ဒဟူး) မှာ ကန်ရမယ့် အသင်း ၂ သင်း ကတော့
Danger FC Vs Охотники တို့ဖြစ်ပါတယ်.. Danger FC အသင်းဟာဖြစ် CK United အသင်းကို အနိင်ယူပြီး အခုဆို ဇယားအထိပ်ဆုံးမှာ ရှိနေတဲ့ အသင်းဖြစ်ပါတယ်.... Охотники အသင်းကတော့ တစ်ပွဲမှ မကန်ရသေးတဲ့ အသင်းပါ.. ဒီအသင်းဟာလဲ ကစားသမားကောင်းများရှိနေလိမ့်မယ်လို့ ယူဆပြီး ၀ါရင့်သဗာရင့် ကစားသမားပိုင်ဆိုင်ထားတဲ့ အတွက်ကြောင့် အနိင်မရရင်တောင်မှာ သရေ အနေနဲ့ ထိန်းကစားနိင်မယ့် အသင်းတစ်အသင်း ဖြစ်နိင်မယ်လို့ ယူဆရပါတယ်.... Danger FC အသင်းကလဲ ဒုတိယပွဲ အနိင်ရရှိဖို့အတွက် ကြိုးစားပြီး ကစားသွားမယ်လို့ ယူဆရပါတယ်..... ဘာပဲအဖြစ်ဖြစ် ဒီပွဲဟာလဲ အကြိတ်အနယ်ဖြစ်မယ့် ပွဲကြီးတစ်ပွဲ မလွဲဧကန်ဖြစ်လာမှာပါ.....
ကဲ.. ကဲ.. ကဲ ...ဒီပွဲစဉ်အတွက် ကြိုတင်သုံးသပ်ချက်များ ပြောကြပါအုံးဗျာ.....
ဆက်လက်ဖတ်ရူရန်..!
Posted by
tarkyi
at
11:19 AM
2
သုံးသပ်ချက်များ ရေးခဲ့ပါ..
Labels: ကြိုတင်သုံးသပ်ချက်များ
Monday, July 13, 2009
13.07.2009(တနင်္လာနေ့) ပွဲစဉ်အတွက် သုံးသပ်ချက် (Royal FC Vs BE FC)
ဒီပွဲ ဟာ တကယ်တမ်းမှာတော့ 14.07.2009(အင်္ဂါနေ့) မှာ ကစားရမယ့် ပွဲဖြစ်ပါတယ်.. အခြေအနေကြောင်းကြောင်းကြောင့် ဒီနေ့ပဲ ကစားလိုက်ရပါတယ်....
ဒီကနေ့ပွဲကိုသုံးသပ်ရမယ်ဆိုရင်ဖြင့်
ယနေ့ယှဉ်ပြိုင်ကစားသွားခဲ့ကြသော
BE FC
&
RL FC
တို့ပွဲစဉ်ကိုသုံးသပ်တင်ပြရမယ်ဆိုရင်ဖြင့်…
ပထမပိုင်းပွဲစစချင်းနှစ်သင်းစလုံးဟာအပေးအယူအချိတ်အဆက်မမိပဲနဲ့ကြုံသလိုပေးကစားနေတာကိုတွေ့မြင်ခဲ့ရပါတယ်ခင်ဗျ..
သိုပေမယ့်လဲ(၁၀)မိနစ်နောက်ပိုင်းမှာတော့BEFCအသင်းဟာအချိတ်အဆက်မိလာပြီးRLFCအသင်းအပေါ်ကိုထိုးဖောက်တိုက်စစ်ဆင်နိုင်ခဲ့တာကိုတွေ့ရပါတယ်..
RLFCအသင်းမှာတော့အထောင်တိုက်စစ်မှုးဆရာချစ်တစ်ယောက်ထဲနဲ့BEဘက်ကိုထိုးဖောက်တိုက်စစ်ဆင်ခဲ့ပါတယ်..
ဒါပေမယ့်လဲBEခံစစ်မှုးဆရာဗိုက်ပူနဲ့ညီငယ်လန်ဘားတို့ထိန်းချုပ်ထားနိုင်ခဲ့တဲ့အတွက်ဆရာချစ်ရဲ့ထိုးဖောက်မှု့တွေဟာအရာမထင်ခဲ့ပါဘူး..
အဲ့လိုအကြိတ်အနယ်ရှိနေတုန်းBEအသင်းမှတန်ပြန်တိုက်စစ်ဆင်လာရင်းညာထောင့်ကန်ဘောမှတဆင့်ဂိုးသမားမှန်ကြောင်ရဲ့ဘယ်ဘက်ဒေါင့်ထဲက
ိုဘောကြီးမှခေါင်းတိုက်ပြီးလှလှပပဂိုးကိုရယူသွားခဲ့ပါတယ်..
အဲ့ဒီနောက်ပိုင်းမှာတော့အရင်နှစ်ကအကောင်းဆုံးကစားသမားဆုရပိုင်စိုးကိုကိုမှထိုးဖောက်ကန်သွင်းခဲ့သော်လည်း.
BEဘက်မှနောက်တန်းနှင့်ဂိုးသမားတို့ကာကွယ်မှု့ကောင်းနေသောကြောင့်အရှုံးဂိုးကိုပြန်လည်မချေပနိုင်ပဲပထမပိုင်းမိနစ်(၃၀)ပြီးဆုံးခဲ့ပါတယ်…
အားကစားဝါသနာရှင်များခင်ဗျာ..
ဒုတိယပိုင်းစလျှင်စခြင်းRCအသင်းမှအရှုံးဂိုးကိုချေပနိုင်ဖို့အတွက်တိုက်စစ်မှုးတွေကိုထဲ့သွင်းကစားခဲ့သော်လည်း..
BEအသင်းမှနောက်တန်းနှင့်ဂိုးသမားတို့ကာကွယ်မှု့ကောင်းသောကြောင့်မချေပနိုင်ပဲရှိခဲ့ရပါတယ်..
တိုက်စစ်မှုးဆရာဘောဟာဆိုရင်လဲအလယ်တန်းထိဆင်းပြီးကိုယ့်အသင်းအောင်နိုင်ရေးအတွက
်အစွမ်းကုန်ကာကွယ်ဖျက်ထုတ်ပြီးအနိုင်သေချာစေမယ့်ဂိုးရရှိအောင်ကြိုးစားကစားခဲ့တာကိုလဲတွေ့မြင်ခဲ့ရပါတယ်ခင်ဗျ..
နောက်ပိုင်းမှာတော့နှစ်သင်းစလုံးဟာဘယ်သူ့ဘယ်သူမှထိုးဖောက်တိုက်စစ်ဆင်နိုင်ခြင်းမရှိပဲပထမပိုင်း(၁၀)မိနစ်မှာ
တိုက်စစ်မှုးဆရာဘောရဲ့တစ်လုံးတည်းသောဂိုးနဲ့BEFCအသင်းကRLFCအသင်းကိုအနိုင်ရရှိသွားခဲ့ပြီဖြစ်ပါတယ်..
ပွဲစဉ်တစ်လျှောက်လုံးကိုသုံးသပ်ရမယ်ဆိုရင်ဖြင့်BEအသင်းကအမြင့်ဘောတွေကိုအားပြုကစားခဲ့တာကိုတွေ့မြင်ရမှာဖြစ်သလို..
RLအသင်းကလဲမြေလိမ့်ဘောတွေကိုအားပြုကစားခဲ့တာကိုတွေ့မြင်ရမှာဖြစ်ပါတယ်..
လာမယ့်ပွဲတွေမှာတော့BEFCအသင်းအနေနဲ့နောက်ထပ်နိုင်ပွဲတွေရရှိအောင်ကြိုးစားရမှာဖြစ်သလိုလိုအပ်ချက်တွေလဲရှိနေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်..
အလယ်တန်းနဲ့တိုက်စစ်မှုးချိတ်ဆက်မှု့အားနည်းနေတာကိုတွေ့၇ပြီးနောက်တန်းဟာလဲအနည်းငယ်ပြာတာကိုတွေ့မြင်ရပါတယ်..ဒီအချက်တွေကိုBEFCအသင်းအနေနဲ့ပြင်ဆင်နိုင်ခဲ့မယ်ဆိုရင်တော့ဖြင့် ကာလုဂါလိဂ်ရဲ့ဖလားပိုင်ရှင်ဟာ BEFCအသင်းမလွဲဧကန်ဖြစ်လာမယ်လို့ကျွန်တော်သုံးသပ်တင်ပြလိုက်ပါတယ်ခင်ဗျာ…
မှားယွင်းမှု့ပါခဲ့လျှင်နားလည်ပေးနိုင်ကြပါစေ…
အစဉ်လေးစားလျှက်…
ဆက်လက်ဖတ်ရူရန်..!
Posted by
tarkyi
at
7:18 AM
2
သုံးသပ်ချက်များ ရေးခဲ့ပါ..
Labels: ရလဒ်နင့် သုံးသပ်ချက်များ
13.07.2009(တနင်္လာနေ့) ပွဲစဉ်အတွက် သုံးသပ်ချက်(CK United Vs Danger FC)
ဒီနေ့ ဖွင့် အနေနဲ့ ကစားတဲ့ အသင်းကတော့ CK United Vs Danger FC တို့ ဖြစ်ပါတယ်…
ဒိုင်လူကြီး အနေနဲ့ ပိုင်းစိုးကိုကို ဆောင်ရွက်ခဲ့ပါတယ်….အားပေးတဲ့ ပရိသတ်တွေကလဲ အဆောင်ရှိ မြန်မာကျောင်းသားများအားလုံး စည်းလုံးညီညွတ်စွာနဲ့ လာရောက်အားပေးကြပါတယ်…. ဒီနစ်သင်း ဟာအဖြင့် ကစားသမားကောင်းများကို ပိုင်ဆိုင်ထားကြတဲ့ အသင်းတွေဖြစ်တာနဲ့အညီ နစ်သင်းစလုံးရဲ့ ကစားအားဟာလဲ အံ့မခန်းကိုကောင်းပါတယ်…
ပထမပိုင်းပွဲစဉ် စတာနဲ့ ဘောလုံးကို CK United အသင်းက စပေးပါတယ်……. ပထမပိုင်း အစမှာတော့ နစ်သင်းစလုံးဟာ ကစားအားကောင်းကောင်းနဲ့ ကွင်းလယ်ကစားအားကို အဓိကထားပြီး အပြိုင်ဆိုင်တိုက်စစ်ဆင်ကစားခဲ့ကြပါတယ်… ဒါပေမယ့် CK United အသင်း ရဲ့ ကံကြမ္မာ အလှည့်ပြောင်းလို့ပဲပြောရမလား CK United အသင်းရဲ့ key player ဖြစ်တဲ့ ကွင်းလယ်ကစားသမား သိန်းမင်းထိုက် ဟာ ပထမပိုင်း ၁၅ မိနစ်မှာပဲ အထိခိုက်ဒဏ်ရာရရှိသွားတဲ့ အတွက် သူနာပြုအဖွဲ့ရဲ့ ဆေးကုသမူခံယူလိုက်ရပါတယ်..
လယ်တန်းကစားသမား သိန်းမင်းထိုက်အစား သန်းနိင်စိုး က လူစားလဲဝင်ရောက်ကစားခဲ့ပါတယ်… သို့သော် သန်းနိင်စိုးဟာ ရှေ့တန်း ဘယ်တောင်ပံကစားသမားဖြစ် တဲ့ အတွက် တစ်ဖက်သင်းရဲ့ ကွင်းလယ်ကစားအားကို မထိန်းပဲ CK United အသင်းရဲ့ ကစားကွက်ဟာ အဖြစ် နာဂစ် မိသလို ယိမ်းယိုင်ပျက်စီးသွားခဲ့ပါတယ်…Danger FC အသင်းကလဲ ရရှိလာသောအခွင့်အရေးကို အမိရဆုပ်ကိုင်ပြီး… CK United အသင်းရဲ့ ဂိုးပေါက်ကို ချိန်းခြောက်နိင်ခဲ့ပါတယ်..
CK United အသင်းရဲ့ ဂိုးသမား စိုးမင်းသူဟာ အလူလဲကို အသင်းအတွက် ခုံခံကာကွယ်ခဲ့ပါတယ်… ဒီလိုနဲ့ပဲ ပထမပိုင်း မိနစ် ၃၀ ကို ဂိုးမရှိ သရေ နဲ့ ပြီးဆုံးသွားပါတယ်…. အနားချိန် (၁၀) မိနစ်ပြီး ဒုတိယပိုင်း စမှာတော့ နစ်သင်းစလုံးဟာ ခွန်အားအပြည့် စိတ်ဓါတ်အပြည့်နဲ့ ၀င်ရောက်လာပါတယ်….. ဒုတိယ ပိုင်းမှာဘောလုံးကို Danger FC အသင်းက စပေးဘောနဲ့စပါတယ်… ဒုတိယပိုင်းမှာလည်း CK United အသင်းဟာ သူတို့ရဲ့ အားနည်းနေတဲ့ အလယ်ပိုင်းကို ဖြည့်တင်းအားဖြည့်နိုင်မှုမရှိခဲ့ပါဘူး ဒါဟာသူတို့ရဲ့ အားနည်းချက်ဖြစ်နေပါတယ်… Danger FC ဟာလည်း အားနည်းချက်ကို အခွင့်ကောင်းယူပီး တိုက်စစ်မြှင့်ပီး ထိုးဖောက်လာတာကိုတွေ့ရပါတယ်… သန်းနိုင်စိုးဝင်လာပီးတဲ့အချိန်မှာတော့ CK United အသင်းဟာ အလယ်တန်းကမဖန်တီးနိုင်ပေမဲ့ အရှေ့နဲ့အနောက် တွဲကစားနေပါတယ်.. :P ဒုတိယပိုင်း ၁၅မိနစ်လောက်မှာတော့ CK United အသင်းရဲ့ အသင်းခေါင်းဆောင် အောင်ကျော်စိုး ချပေးလိုက်တဲ့ဘောလုံးကို နောက်ခံလူ ခင်ဇော်အမှားကနေပီး သန်းနိုင်စိုးဟာ အပြင်းကန်သွင်းခဲ့ပါတယ်… ဒီဘောလုံးဟာ ဂိုးဘားကိုထိပီး လှလှပပလေး ဂိုးထဲကို ၀င်သွားပါတယ်… ပြောရမယ်ဆိုရင်တော့ ဒီဂိုးဟာ ဒီပြိုင်ပွဲတလျှောက်အလှဆုံးဂိုး ဖြစ်နိုင်ပါတယ်… ဒီလိုနဲ့နေဟာလည်း အလွန်ပဲ ပြင်းပါတယ် ကစားသမားတွေ ထိုင်ငိုရလောက်အောင်ကို ပူပါတယ်ခင်ဗျာ… အပေါ်ကပူအောက်ကပူနဲ့ ရာသီဥတုကတော့ ပျော်ပွဲစားထွက်တဲ့သူနဲ့ နေမမြင်ရတဲ့လူတွေ အကြိုက်ကိုဖြစ်နေပါတယ်… :P ပထမဂိုးရရှိချိန်မှာတော့ CK United အသင်းသားတွေဟာဆိုရင် အားတွေတတ်သွားပီး အတင်းဖျက်ထုတ်ကစားတာကိုတွေ့ရှိရပါတယ်…ပထမဂိုးရရှိပီး ၇မိနစ်လောက်အရှိမှာ မထင်မှတ်ပဲ Danger FC အသင်းရဲ့ ရူးကြောင်မူးကြောင်ကစ်ချက်ဟာ :P တိုင်ကတဆင့်ဂိုးသမားနဲ့ထိပီး ဂိုးဖြစ်သွားခဲ့ပါတယ်… ဒီဂိုးဟာ ကံကြမ္မာရဲ့ မျက်နှာသာပေးခဲ့တဲ့ဂိုးလို့ နာမည်တပ်ရင်လည်း မမှားနိုင်ပါဘူး… ဒီဂိုးရရှိပီးချိန်မှာတော့ Danger FC အသင်းဟာ အတော်လေးအားတတ်ပီး ကမူးရှူးထိုးတွေနဲ့ ထိုးဖောက်တိုက်စစ်ဆင်ပါတော့တယ်… :P :P CK United အသင်းဟာ ဂိုးပေးလိုက် ရချိန်မှာ စိတ်ဓာတ်အနည်းငယ်ကျဆင်းသွားတာကိုတွေ့ရပါတယ်… ဒါကိုအခွင့်ကောင်းယူပီး Danger FC အသင်းဟာ ပထမဂိုးနဲ့ ၅မိနစ်လောက်အကွာမှာပဲ နောက်တဂိုးကို ရှေ့လိုလို နောက်လိုလို ကစားတဲ့ ကျွန်တော့ရဲ့ ဂါဂါ :P ဖျက်တင်ဘောကတဆင့် အသင့်စောင့်နေတယ် Danger FC ရဲ့ အသင်းခေါင်းဆောင်က အလစ်သုတ်ပီး ခေါင်းတိုက်သွားရမှာ CK United အသင်းရဲ့ စိတ်ဓာတ်တွေမြောင်းထဲရောက်ရှိသွားပါတော့တယ်… :P နောက်ဆုံးဘယ်လိုမှ မတွန်းလှန်နိုင်တော့ပဲ ဒိုင်လူသေး ရဲ့ :P ခရာအောက်မှာ အရှူံးပေးခဲ့ရပါတော့တယ်… အားလုံးကိုပြန်ကြည့်ရင် Danger FC အသင်းဟာ အခွင့်အရေးကို လက်ကိုင်သွားတဲ့ အတွက် အခွင့်အရေးသမားလို့ ပြောလို့ရနိုင်သလို :P :P အားနည်းချက်ကိုသိရှိသူလို့ ကင်ပွန်းတပ်နိုင်ပါတယ်… မည်သို့ပင်ဆိုစေကာမူ ရှူံးပါတယ် CK United ပွဲအပြီးမှာ ၁-၂ နဲ့ ရှူံးပါတယ်… CK United အသင်းဟာ ကြံ့ခိုင်မှုမပြည့်ဝခြင်း၊ အသင်းရဲ့ အနိုင်ကိုမထိန်းနိုင်ခြင်း၊ Middle Players နည်းခြင်းတို့ကြောင့် အလယ်တန်းဘယ်လိုမှမယှဉ်နိုင်ခဲ့ပါဘူး… သိန်းမင်းထိုက်နာသွားတဲ့အချိန်မှာ CK United အသင်းရဲ့ ကစားကွက်ဟာ လုံးဝကိုပျက်ထွက်သွားခဲ့ပါတယ်… အသင်းခေါင်းဆောင်ကြီးလည်း ကွင်းလယ်မှာဘာလုပ်မရတော့ပါဘူး… တောင်ပြေးမြောက်ပြေးနဲ့ ပွဲပီးခါနီး ၃မိနစ်လောက်အလိုမှာ ဘောလုံးကိုမရရှိတော့ပဲ ဟောဟဲ ဆိုက်စွာဖြင့် ကွင်းအတွင်းကနေထွက်ခွါခဲ့ရပါတယ်…. ဒီနေ့ ကစားခဲ့တဲ့ပွဲမှာဆိုရင်ဖြင့် နှစ်ဖက်စလုံးဟာ ရူဘယ် ၅၀ ကိုသတိတရဖြင့် ထိန်းကစားသွားတာကို တွေ့ရှိရပါတယ်.. :P :D အသင်းရဲ့အကောင်းဆုံးကစားသမားတွေကိုရွေးချယ်ရမယ်ဆိုရင်ဖြင့် Danger FC အသင်းမှာတော့ ဒီနေ့ခြေအပေါ်ဆုံးကစားသမားကတော့ ကျွန်တော်တို့အစ်ကိုကြီး ကိုညီညီလှိုင်ပဲဖြစ်ပါတယ်… သူ့ရဲ့ဖန်တီးမှုတွေဟာ အလွန်ကောင်းမွန်ပါတယ်…(ကျွန်တော့လောက်တော့မကောင်းဘူးပေါ့ဗျာ :P :P) CK United အသင်းရဲ့ အကောင်းဆုံးကစားသမားကတော့ ဂိုးသမားနဲ့ သန်းနိုင်စိုး ဖြစ်ပါတယ်… ဂိုးသမားဟာ ပထမပိုင်းတပိုင်းလုံး Danger FC အသင်းရဲ့ ဒိန်းဂျားဘောတွေကို လုံးဝကာကွယ်သွားတာကိုတွေ့ရပါတယ်.. ပထမပေးလိုက်ရတဲ့ဂိုးကလွှဲရင်ပေါ့ (:P) သန်းနိုင်စိုးဟာလည်း အတော်ကောင်းတယ်ပြောရမှာပေါ့ဗျာ(တစ်ဂိုးရှူးလို့) သူသာမရှူးရင် ရဂိုးမှာဘဲဥပဲဖြစ်နေမှာပါ ကယ်တင်ရှင်ကြီးပါ :pray … အဲ့ဂိုးတစ်ဂိုးကြောင့် မန်ယူနည်းပြကြီး ဖာဂီမှာ မျက်စိကျခြင်းခံနေရတယ်လို့ CNN skysport သတင်းဌာနမှ တာဝန်ရှိသူ(သန့်ရှင်းရေးသမား) :P တဦးမှာ ပြောကြားသွားကြောင်း သတင်းရရှိပါတယ်… ကဲဘာပဲဖြစ်ဖြစ် ရှူံးတယ်ဗျာ…
နောက်နေ့ပွဲတွေမှာ ကျွန်တော်တို့ ပွဲတိုင်းနိုင်အောင် ရေကုန်ရေခန်း(သောက်မယ်) ကစားသွားပါမယ်…ပွဲတိုင်းကိုလည်းအနိုင်ရရှိမယ်လို့ မျှော်လင့်ရပါတယ် (မျှော်လင့်နေမယ် (အာကြီးပါ)) :P :P
အသင်းခေါင်းဆောင် Ck
ကျွန်တော်တို့အသင်းကစားပုံကောင်းခဲ့ပါတယ်(စိတ်ညစ်ဖို့ :P) ဗိုလ်လုပွဲတက်မယ်လို့ ယုံကြည်နေပါတယ်…အသင်းကစားသမားတွေကိုအားရပါတယ်(ဘီယာသောက်တာ :P)
အသင်းခေါင်းဆောင် Danger FC
ဆက်လက်ဖတ်ရူရန်..!
Posted by
tarkyi
at
6:45 AM
1
သုံးသပ်ချက်များ ရေးခဲ့ပါ..
1 သုံးသပ်ချက်များ ရေးခဲ့ပါ..
Labels: ရလဒ်နင့် သုံးသပ်ချက်များ
Saturday, July 11, 2009
13.07.2009(တနင်္လာနေ့) ပွဲစဉ်အတွက် ကြိုတင်သုံးသပ်ချက်
ကျွန်တော်တို့ အခုလာမယ့် 13.07.2009(တနင်္လာနေ့) မှာ ဖွင့်ပွဲ စကန်ရမှာဖြစ်ပါတယ်.. ကန်ရမယ့် အသင်း ၂ သင်း ကတော့
CK United vs Danger FC တို့ဖြစ်ပါတယ်.. ဒီပွဲဟာဆိုရင်ဖြင့် ဖွင့်ပွဲလဲဖြစ်ပြီး နစ်သင်းစလုံးဟာ အဖြစ် ကစားသမား ကောင်းများကို ပိုင်ဆိုင်ထားကြတဲ့ အတွက် ကျိတ်နယ်ဖြစ်မယ့် ပွဲလေးဖြစ်လာမှာပါ...
ဒီပွဲစဉ်အတွက် ကြိုတင်သုံးသပ်ချက်များ ပြောကြပါအုံးဗျာ.....
ဆက်လက်ဖတ်ရူရန်..!
Posted by
tarkyi
at
1:45 PM
14
သုံးသပ်ချက်များ ရေးခဲ့ပါ..
Labels: ကြိုတင်သုံးသပ်ချက်များ
ဘောလုံးကွင်းအတွင်း စည်းကမ်းသတ်မှတ်ချက်များ (အားလုံးလိုက်နာရန်)
၁။ ပြိုင်ပွဲချိန် ပထမပိုင်း(၃၀) ၊ ဒုတိယပိုင်း(၃၀)မိနစ်။
၂။ ပြိုင်ပွဲအတွင်း ပထမပိုင်းနားချိန်(၁၀)မိနစ်။
၃။ Extra Time ပထမပိုင်း(၁၀)မိနစ်၊ ဒုတိယပိုင်း(၁၀)မိနစ်။
၎။ အနိင်ရရှိလျှင် (၃) မှတ်၊ သရေ ကျလျှင် (၁)မှတ်။
၅။ အနီကဒ်ပြခံရလျှင်(၁၀) မိနစ်နားရမည်။
၆။ အနီကဒ်ပြခံရလျှင် ဒါဏ်ကြေးငွေ ရူဘယ်(၃၀)
အ၀ါကဒ် ရူဘယ် (၁၀)။
၇။ ဂိုးဧရိယာအတွင်း လက်ထိလျှင် ပင်နယ်တီမရပါ၊ Free kick ပဲရပါမည်။
၈။ လူကျွံဘောမရှိပါ။
၉။ ရန်မဖြစ်ရ၊ ရန်ဖြစ်လျှင်ဖြစ်သောသူများအား တစ်ပွဲပယ်ခံရမည်။
၁၀။ ဗိုလ်လုပွဲသို့ တက်ရောက်ရန် ဆုံးဖြတ်ခြင်း-
ဗိုလ်လုပွဲသို့ ထိပ်ဆုံး ၂ သင်းတက်ရောက်ရမည်ဖြစ်သည်။အမှတ်ချင်းတူနေလျှင် ဂိုးကွာခြားချက်ဖြင့် ဆုံးဖြတ်မည်။
ဂိုးကွာခြားချက်တူနေလျှင် ရဂိုးများသော အသင်းတက်ရောက်မည်။
အားလုံးတူနေလျှင် ထိပ်တိုက်တွေ့ဆုံမှု ဖြင့်ဆုံးဖြတ်မည်။
အားလုံးအားလုံး ဆုံးဖြတ်ရအောင်ခက်နေလျှင် ခေါင်းပန်းလှန်ဆုံးဖြတ်မည်။
၁၁။ ပြိုင်ပွဲကျင်းပစဉ်တလျှောက် ဒိုင်လူကြီး စကားသာလျှင်အတည်ဖြစ်မည်၊ အကျူံးဝင်မည်၊ဒိုင်ဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်သွားရမည်။
ဆက်လက်ဖတ်ရူရန်..!
Posted by
tarkyi
at
1:20 PM
1
သုံးသပ်ချက်များ ရေးခဲ့ပါ..
1 သုံးသပ်ချက်များ ရေးခဲ့ပါ..
Labels: စည်းကမ်းသတ်မှတ်ချက်များ
Friday, July 10, 2009
ယခုနစ် နွေရာသီဘောလုံးပြိုင်ပွဲ ပွဲစဉ်ဇယား
- ပြိုင်ပွဲတွင် ပထမရရှိသော အသင်းအား ဖလား၊ ဆုတံဆိပ်ကိုယ်စီနှင့် ဆုကြေးငွေ ရူဘယ်(၁၀၀၀၀) တိတိ၊ ဒုတိယရရှိသောအသင်းအား ရူဘယ်(၅၀၀၀)တိတိနင့် ဆုတံဆိပ်ကိုယ်စီ ချီးမြှင့်သွားမည်ဖြစ်ပါသည်
- အခြားသီးခြားအစီအစဉ်များအားလည်း ထည့်သွင်းစီစဉ်ထားရှိသည်။
- ပြိုင်ပွဲဝင်အသင်း တစ်သင်းလျှင် ၀င်ကြေး ရူဘယ်(၅၀၀၀)အား အခန်း(၄၃၃) ပိုင်စိုးကိုကိုထံသို့ တနင်္ဂနွေနေ့ အပြီး ပေးသွင်းရမည်။
- အသင်းတစ်သင်းချင်းစီ၏ အုပ်ချုပ်မှုကိစ္စအ၀၀ကို အသင်းတစ်သင်းချင်းစီ၏အစီအစဉ်ဖြင့် ဆောင်ရွက်ရမည်။ ပြိုင်ပွဲဖန်မှ သုံးစွဲမည်မဟုတ်။
- ပြိုင်ပွဲဝင် အသင်းများမှ အသင်းသားများ ပြိုင်ပွဲကျင်းပစဉ်ကာလတလျှောက်လုံး အဆောင်မှာပဲရှိရမည်။
- နောက်ဆုံးဗိုလ်လုပွဲသို့ အသင်းတိုင်း၏ အသင်းသားများအားလုံးတက်ရောက်ရမည်။
Posted by
tarkyi
at
4:24 PM
3
သုံးသပ်ချက်များ ရေးခဲ့ပါ..
Labels: ဖွဲ့စည်းပုံနင့် ပွဲစဉ်ဇယား
ယခုနစ် ဘောလုံးအသင်းများစုဖွဲ့မှုပုံစံ
ကျွန်တော်တို့က ကွင်းငယ်လေးမှာ ကန်မှာဖြစ်တဲ့အတွက် တစ်ဖက်ကို ၈ ယောက်နူန်းနဲ့ကန်မှာ ဖြစ်ပါတယ်.. ဒါကြောင့် တစ်သင်းကို အရံလူနစ်ယောက်အပါအ၀င် ၁၀ ယောက်နူန်းနဲ့ ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်..
အရင်နစ်တွေတုန်းကတော့ ဗီယက်နမ် သင်းများလဲပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်.. ဒီနစ်မှာတော့ ဗီယက်နမ်ကျောင်းသားများက ကျောင်းပြီးဆုံးလို့ ပြန်သွားပြီဖြစ်တဲ့အတွက် ပါဝင်မယှဉ်ပြိုင်နိင်တော့ပါဘူး....
ကျွန်တော်တို့ ဒီနစ်ကစားမယ့် ဘောလုံးသင်းတွေနဲ့ ပါဝင်ကစားကြမည့်သူများကို အောက် မှာပြထားပါတယ်...
ဆက်လက်ဖတ်ရူရန်..!
Posted by
tarkyi
at
3:52 PM
8
သုံးသပ်ချက်များ ရေးခဲ့ပါ..
Labels: ဖွဲ့စည်းပုံနင့် ပွဲစဉ်ဇယား
2008 ခုနစ် က နွေရာသီ ဘောလုံးပြိုင်ပွဲ ရဲ့ မှတ်တမ်းတင်ဓါတ်ပုံအချို့ပါ....
Posted by
tarkyi
at
3:24 PM
1
သုံးသပ်ချက်များ ရေးခဲ့ပါ..
1 သုံးသပ်ချက်များ ရေးခဲ့ပါ..
Labels: မှတ်တမ်းများ
2005 ခုနစ် မြန်မာ နင့် ဗီယက်နမ် ဗိုလ်လုဗွဲ
၂၀၀၅ ခုနစ် မြန်မာနင့်ဗီယက်နမ် ဗိုလုပွဲ မှ အမှတ်တရဓါတ်ပုံများပါ... ၂၀၀၅ ခုနစ်မှာတော့ ဗီယက်နမ်း က (၃) သင်းပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်.. ကျွန်တော်တို့မြန်မာကလဲ (၃)သင်းပါ... ရုရှားဘောလုံးသင်းတော့မပါပါဘူး... ဒီကောင်တွေက ပေတေလေးတွေမဟုတ်လို့ပါ.. ဟဲဟဲ.. ဗိုလ်လုပွဲကို မြန်မာ တစ်သင်း ဗီယက်နမ်းတစ် သင်းတက်ပါတယ်... ပွဲချိန် မိနစ်(၆၀)မှာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျနေလို့ အချိန်ပို မီနစ်(၂၀) ထပ်ကန်ခဲ့ပါတယ်... တစ်သင်းမှ ဂိုးမသွင်းနိင်တာကြောင့် ပယ်နယ်တီ ကန်ရပါတယ်.. ပယ်နယ်တီကန်ရာမှာ မြန်မာသင်းက ရ လုံးကန်ရာ ၅ ဂိုးရရှိပြီး.. တစ်ဖက်ဗီယက်နမ်သင်းက ရ လုံးကန်ရာ ၄ ဂိုးသာရရှိသဖြင့်
မြန်မာ ၅ - ၄ ဗီယက်နမ် ပယ်နယ်တီအဆုံးဖြတ်အဖြစ် မြန်မာသင်းက ကာလုဂါ နွေရာသီဘောလုံးပွဲပြိုင်ပွဲ မှာဗိုလ်စွဲပြီး ဖလားကြီးကို ကိုင်မြှောက်ခဲ့ပါတယ်ခင်ဗျား.... (ရေဖလားမဟုတ်ပါဘူး ..တကယ်ဖလားပါ... )
အောက်မှာ မှတ်တမ်းတင်ဓါတ်ပုံလေးတွေပါ.......
Posted by
tarkyi
at
2:16 PM
1
သုံးသပ်ချက်များ ရေးခဲ့ပါ..
1 သုံးသပ်ချက်များ ရေးခဲ့ပါ..
Labels: မှတ်တမ်းများ