ကျွန်တော်တို့ ဒီနေ့စကားရမယ့် ပွဲဟာ တကယ်တော့ မနက်ဖြန် (25.07.2009)မှ ကစားရမယ့် ပွဲလေးဖြစ်ပါတယ်.. အခြေအနေအကြောင်းကြောင်းကြောင့် ဒီနေ့ကစားလိုက်ရတာပါ....
ယနေ့ဗိုလ်လုပွဲကစားသွားကြတဲ့BE FC Vs Danger FC အသင်းတို့ဟာရှိသမျှစွမ်းအားကုန်ထုတ်ကစားသွားပါတယ်..
အများထင်ထားကြတဲ့အတိုင်း..ပွဲကောင်းတစ်ပွဲဖြစ်လာခဲ့ပါတယ်...တစ်သင်းနှင့်တစ်သင်း...ဘာပြသ၁နာမှမဖြစ်ပဲ...အောင်မြင်စွာ..
ပြီးဆုံးသွားတဲ့အတွက်ရော...KML ပြိုင်ပွဲတစ်လျှောက်လုံးအဆင်ပြေချောမွေ့ စွာ..ကစားသွားကြတဲ့အသင်းတိုင်းမှကစားသမားတွေရဲ့ 
အားကစားစိတ်ဓါတ်ကတော့...မှတ်ကျောက်တင်လောက်ပါတယ်...အထူးလည်းအသိအမှတ်ပြုပါတယ်...ဒီနေ့ဗိုလ်လုပွဲမှာဆိုရင်..အကြောင်း
အမျိုးမျိုးကြောင့်..လာရောက်အားမပေးနိုင်တဲ့ကျောင်းသားအချို့ကလွဲရင်..အားပေးတဲ့ပရိတ်သတ်အများဆုံးပွဲလို့ဆိုရမှာပါ....အားပေးတဲ့ပရိတ်သတ်တွေရဲ့ ..
အသံတွေဟာကာလုဂါမြို့ ကြီးကိုတောင်တုန်ခါသွားနိုင်ပါတယ်...အဆင့်အတန်းမြင့်စွာအားပေးတဲ့ပရိတ်သတ်ရဲ့ ...စိတ်ဓါတ်ကတော့အလေးထားအတုယူစရာပါ...
မိမိအသင်းနိုင်စေချင်တဲ့စိတ်ဓါတ်ကတော့ကြောက်ခမန်းလိလိပါ...ဒီနေ့ကစားသွားတဲ့ပွဲစဉ်ကိုတင်ပြရမယ်ဆိုရင်...ပထမပိုင်းအကြိတ်အနယ်ရှိလှပါတယ်...ပထမပိုင်းမိနစ်၂၀ကျော်လောက်မှာတော့
Danger အသင်းဟာတကယ်ပဲနာမည်နဲ့လိုက်ပါတယ်..တဖက်အသင်းရဲ့ အမှားကနေ...အပေးအယူချိတ်ဆက်မိစွာနဲ့...BE FC ရဲ့ နောက်တန်းတွေကိုကျော်ကာ..အသင်းခေါင်းဆောင်ရဲကိုကိုဦးမှချပေးလိုက်တဲ့
ဘောလုံးကို..အသင်းရဲ့ စွယ်စုံရအကိုကြီးကိုကျော်မင်းသိန်းမှလှလှပပပိတ်လိုက်တာBE FC ရဲ့ ညာဘက်ဂိုးတိုင်ကိုထိပြီး..ဂိုးရရှိသွားပါတယ်...BE FC အသင်းဟာဆိုရင်လည်းချေပဂိုးပြန်လည်ရရှိဖို့အစွမ်းကုန်ကြိုးစားရတော့ပါတယ်..
မမျှော်လင့်ပဲBE FC ရဲ့ တိုက်စစ်မှူးဘိုဘိုဝင်း(တောကြက်)ဒဏ်ရာရသွားလို့အနားယူလိုက်ရပါတယ်...
ပထမပိုင်းတစ်လျှောက်လုံးDanger FCအသင်းဟာအနိုင်ဂိုးကိုထိန်းထားနိုင်ခဲ့ပါတယ်....ဒုတိယပိုင်း..မှာတော့..BE FC အသင်းဟာချေပဂိုးရရှိရေးအတွက်..ဖိကစားလာတာကိုတွေ့ ရပါတယ်....Danger အသင်းခေါင်းဆောင်နာသွားတဲ့အချိန်..BE FC ရဲ့ တောကြက်ပြန်ဝင်လာတဲ့အချိန်မှာ
ပွဲရဲ့ အဖြေဟာတစ်မျိုးပြောင်းလဲသွားပါတယ်...BE FC ဟာအသင်းဝင်အသင်းဖျက်ရရှိတဲ့အဆုံးသတ်ဘောတွေသာသေချာမယ်ဆိုရင်ဂိုးတွေအများကြီးရရှိမယ်ထင်ပါတယ်...BE FC ရဲ့ ချေပဂိုးကိုတော့...တစ်ချိန်တစ်ခါကမြန့်မာလက်ရွေးစင်အသင်းရဲ့ ..၀င်းအောင်ကြီးလို့တင်စားရလောက်တဲ့
BE FC အသင်းခေါင်းဆောင်.ကျော်သူအောင်မှခေါင်းတိုင်သွင်းသွားပါတယ်...ပွဲတိုင်းမှာခေါင်းတိုက်သွင်းနေကြကျော်သူအောင်ဟာပွဲစဉ်တစ်လျှောက်ခေါင်းတိုက်ဂိုးတွေနဲ့အသင်းကိုအနိုင်ရရှိစေခဲ့ပါတယ်...
ပွဲရဲ့ အရှိန်ဟာတစ်ဖက်သတ်အနေအထားဖြစ်လာပါတယ်...BE FC ဟာချေပဂိုးရပြီးတာနဲ့အနိုင်ရရှိဖို့အတင်းဖိအားပေးလာပါတယ်...အဲဒီအချိန်မှာ.Dange FC ရဲ့ Keyplayer ကိုညီညီလှိုင်ရဲ့ ..လူထုတ်ပုံမှန်ပြီး..ကစားကွက်ပြောင်းကစားတာဟာနည်းဗျူဟာပြောင်မြောက်လှပါတယ်...တစ်ဖက်အသင်းကိုကွင်လည်ထိန်းပြီး
ရှေ့ လယ်နောက်အချိတ်ဆက်မိသွားပါတယ်...တစ်ဖက်တစ်ဂိုးစီနဲ့သရေကျနေတဲ့ပွဲဟာ..အချိန်ပိုကိုဆက်လက်သယ်ဆောင်လာပါတယ်...အချိန်ပိုမှာတော့တစ်သင်းနဲ့တစ်သင်းဘတစ်ပြန်ကျားတစ်ပြန်ထိုးဖောက်တိုက်စစ်ဆင်ကစားသွားလို့ပွဲတော်တော်ဆူလာပါတယ်...ကြည့်လို့ကောင်းတဲ့ပွဲတစ်ပွဲရဲ့ အသွင်ဟာတစ်ဖြည်းဖြည်းရုပ်လုံးပေါ်လာပါတယ်...
အနိုင်းဂိုးရရှိရေး..ဂိုးမပေးရရေးစတဲ့နှစ်ဖက်အသင်းရဲ့ ရှေ့ လယ်နောက်ကစားသမားတွေဟာ...မိမိအသင်းအနိုင်ရရှိရေးအတွက်ကြိုးစားသွားကြပါတယ်...အချိန်ပိုပြီးဆုံးသွားချိန်မှာ...ပင်နယ်တီအဆုံးအဖြတ်အတွက်...၃လုံးစီကန်ရမှာဖြစ်ပါတယ်...
Danger အသင်းရဲ့ တောင်ပံကစားသမားအေပီမှ..ဂိုးဘားကျော်သွားပါတယ်...BE FC ရဲ ကြီးမှလဲဘေးထွက်ဘောဖြစ်သွားပါတယ်...ဒုတိယဂိုးတွေကိုတော့Danger ရဲ့ ကိုကျော်မင်းသိန်းကန်ချက်ပြင်းပြင်ကိုBE FC ဂိုးသမားမှလက်စွမ်းပြကာကွယ်သွားပါတယ်...BE FC ရဲ့ ဒုတိယဂိုးကိုတော့တောကြက်မှလှလှပပကန်သွင်းသွားပါတယ်..
နောက်ဆုံးဂိုးတွကိုတော့DangerFC မှရဲကိုကိုဦးအပြင်းကန်သွင်းသွာခဲ့ပါတယ်..BE FC ရဲ့ အဆုံးအဖြတ်အနိုင်ဂိုးကိုတော့ကျော်သူအောင်(၀င်းအောင်ကြီး)ကသွင်းယူသွားပါတယ်...
ယနေ့ဗိုလ်လုပွဲမှာ BE FC ၃-၂Danger နဲ့ BE FC အသင်းဗိုလ်စွဲသွားခဲ့ပါတယ်...
ဆုပေးပွဲအခန်းအနားမှာတော့..အကောင်းဆုးံဘောလုံသမားဆုရွှေဘောလုံးဆုကိုတော့ Danger အသင်းရဲ့ ကိုညီညီလှိုင်မှရရှိခဲ့ပြီး..ရွှေဖိနပ်ဆုကိုတော့ရဲကိုကိုဦး (Danger FC )မှရရှိသွားပါတယ်..
ပြိုင်ပွဲကြီးပျော်ပျော်ရွင်ရွင်နဲ့အောင်မြင်စွာပြီးမြောက်သွားတဲ့အတွက် KML မှကျောင်းသားများအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..မှတ်တမ်းလည်းတင်လောက်ပါတယ်..
အချိန်နေရာအမျိုးမျိုးမှအားပေးသော...ညီအစ်ကို..သူငယ်ချင်းအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်..လေးစားစွာဖြင့်....
ဆက်လက်ဖတ်ရူရန်..!
Friday, July 24, 2009
KML ဗိုလ်လုပွဲ (BE FC 2 - 1 Danger FC)
Posted by
tarkyi
at
9:59 AM
1
သုံးသပ်ချက်များ ရေးခဲ့ပါ..
1 သုံးသပ်ချက်များ ရေးခဲ့ပါ..
Labels: ဗိုလ်လုပွဲ
Danger Vs Black Eagle( final )
အခုချိန်မှာဆိုရင်တော့ ကျွန်တော်တို့ KaLuGa myanmar league ဘောလုံးပြိုင်ပွဲဟာ အောင်မြင်စွာပြီးဆုံးသွားပါ
ပြီ . ဗိုလ်လုပွဲမှာယှဉ်ပြိုင်ကစားသွားတဲ့ အသင်းများကတော့ DanGer Fc vs Black Eagle united တို့ဖြစ်ပါတယ် .
ဗိုလ်လုပွဲ ဖြစ်သည်နှင့် အမျှုပြိုင်ပွဲ မစတင်မှီကပင် အသင်းလိုက်ပြင်ဆင်မှူများလုပ်ဆောင်ခဲံကြပါတယ် .
Danger အသင်းကတော့ ပြင်ဆင်မှုများအနေဖြင့် တနေကုန်တနေခန်း အိပ်စက်ခြင်း .ထမင်းသုံလုံးချက်တထိုင်တည်းစားခြင်းများ ပြူလုပ်ခဲ့တယ်လို့ သိရှိရပါတယ် .
BE အသင်းဟာဆိုရင်တော့ နို့ကြက်ဥ များဖြင့် ကြံ့ခိုင်မှုပြည့်ဝအောင်လုပ်ဆောင်ပေမယ့် ဖိတ်သွားလို့ မသောက်လိုက်ရပါဘူးခင်ဗျာ.
ဒါပေမယ့် ပြိုင်ပွဲဟာ ထင်ထားသည်ထက်ကို ပိုပြီး ကြည့်ကောင်းခဲ့ပါတယ် Danger အသင်းကတော့ သူတ်ု့ရဲ့ နာမည်ကြီး အလယ်တန်းအားနဲ့ တရပ်စပ် ထိုးဖောက် လိမ်ခေါက် ကိုင်ပေါက် :P (မှားလို့) အချိတ်အဆက်မိမိ ကစားသွားခဲ့ပါတယ် .
Be အသင်းကတော့ဖြင့် Italy ထုံးနှလုံးမူကာ ရှိသမျှ အကုန်ပိတ်ပြီး တန်ပြန်တိုက်စစ် ဖြင့် Danger ဂိုးပေါက်ကို တဒိုင်းဒိုင်းကန်သွင်းကာ ယှဉ်ပြိုင်ကစားသွားခဲ့တာတွေ့ရှိရပါတယ်
ပွဲစသည်နှင့် အမျှ နှစ်ဖက်အသင်းဟာ ရှိစုမဲ့ စု အားများနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ပါတယ် . နာမည်ကြီး တိုက်စစ်မှုးများဖြစ်တဲ့ Danger မှာ ရဲကိုကိုဦးနှင် Be အသင်းမှ ဘိုဘိုတောကြက်တို့ရဲ့ ကန်သွင်းချက်များကတော့ ကြောက်ခမန်းလိလိပါပဲ ...သို့သော်ငြားလည်. မကွေး Fc မှ စိတ်ဝင်းစားခြင်းခံ့နေရတဲ့ နှစ်ဖက် အသင်းဂိုးသမားများက အမှားမရှိပဲ ကာကွယ်ပုတ်ထုတ်နိုင်ခဲ့ပါတယ် ...
ပထမပိုင်း ပြီးဆုံးခါနီးမှာတော့ danger အသင်းရဲ့ နာမည်ကြီး အလယ်တန်းညာစွန် ကစားသမား ကိုကျော်မင်းသိန်းမှာ အပိုင်ကန်ခွင့်ကို အလဟသ မခံပဲ ကန်သွင်းရာ ဂိုးသမားကြိုး၂စား ကာကွယ်ပါသော်လည်း ဂိုးတိုင်ကိုမှန်ကာ လိမ့်ခါ လိမ့်ခါ ဖြင့် ဂိုးစတင်ရရှိသွားပါတယ် .
(ဟူး ....ရေးခိုင်းလို့သာ ရေးရသာ ညောင်းလိုက်တာ..) :P
အဲ့လို အဲံ့လိုနဲ့ပဲ ပထမပိုင်းမှာ Danger အသင်းက ၁း ၀ ဖြင့်ဦးဆောင်နိုင်ခဲ့ပါတယ်
အဲ့ . (တွိတေးသိန်းသံ လေသံဖြင့်) ဒုတိယပိုင်းမှာ Danger အသင်းဟာ . အဲ့ .. အနိုင်ဂိုးကိုထိန်းကစားဖို့ရာ လူအပြောင်းအလဲ လုံးဝ မလဲပဲ ဒီတိုင်းပြန်ဝင်လာပါတယ် .Be အသင်းဟာဆိုရင်လဲ အဲ့.. ချေပဂိုးနဲ့ အနိုင်ဂိုးရဖို့ရာ လူစားမလဲပဲံ ပြန်လည်ယှဉ်ပြိုင်ခဲ့ပါတယ် .. အဲ့ .. နှစ်ဖက်အသင်းဟာအင်တိုက်အားတိုက် ယှဉ်ပြိုင်ကစားနေစဉ်မှာကွင်းပြင်မှာလဲ သောင်းသောင်းဖြဖြ တစ်ဆောင်လုံးလိုက်ပါအားပေးခဲ့ပါတယ် . ထူးခြားမှုအနေနဲ့ကတော့ . BE အသင်းပိုင်ရှင် ရှရှားသန်းကြွယ် သူဥေးကြီး ကိုကြီး အီဗရာအောင်သူရ မှာကိုယ်တိုင်ကိုယ်ကြ လက်သီးလက်မောင်းတန်းပြီးအားပေးတာတွေ့ရှိရပါတယ်။ ကျွန်တော်IPရှာနေစဉ်အတွင်းမှာပဲ BE အသင်းမှာဘယ်ထောင့်ကန်ဘော ကို ဂိုးရှေ့ကိုအနေတော်ခုတ်တင်လိုက်ရာ.. Be အသင်းမှ ခေါင်းဝိဇ္ဖာ(ခေါင်းတိုက်ကောင်းခြင်းကိုဆိုလိုပါသည်) အသင်းခေါင်းဆောင် ကွင်းလယ်ဗိုလ်ချုပ် ကိုဘောကြီး မှ နောက်ခံလူ များကြားထဲကနေ လှလှပပ တိုက်ပြီး ချေပဂိုးသွင်းယူခဲ့ပါတယ် . ပွဲပြီးဆုံးဒီအထိ ၂သင်းလုံးအင်တိုက်အားတိုက်နဲ့ယှဉ်ပြိုင်ကစားပေမယ့် ဘယ်သူ့ဘယ်သူ မှ ဂိုးထပ်မံမရရှိပဲ ၁း၁ ဖြင့်ပြီးဆုံးခဲ့ပါတယ်
အပိုချိန်မှာဆိုရင်ဖြင့် ကြိုး၂စား ကစားကြပါသော်လည်း ပွဲအဖြေမပြောင်းလဲပဲ ၁း၁ ဖြင့်သားအဆုံးအဖြတ် penalty သို့ရောက်ရှိခဲ့ပါတယ် ခင်ဗျာ..
ပထမဆုံး dangerအသင်းမှစတင်ကန်သွင်းရာ ပြင်းထန်လှတဲ့ကန်ချက်ကြေင့် ဘားပေါ်မှကျော်သွားပါတယ် . ကန်သွင်းသူကတော့ တောင်ပံကစားသမား Ap ဖြစ်ပါတယ်ခင်ဗျား။။
BE အသင်းမှလဲ အားကျမခံ ရဲကြီး CB မှတဟုန်ထိုးကန်သွင်းရာမှာ ဘေးချော်သွားပါတယ်
Danger အသင်းမှာ ကိုကျော်မင်းသိန်း ကတော့ သမ္ဘာရင့်ကစားသမားပီပီ ထိချက်မှန်ကန်စွာ ကန်သွင်းသော်ငြားလဲ လူငယ် ဂိုးသမား အောင်ကျော်ယုမှမျက်စိမှိတ်ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်
တဖန် Be အသင်းမှာ တိုက်စစ်မှုး ဘိုဘိုတောကြက်မှ ယိုင်တိယိုင်တိုင်အားနဲ့ ဂိုးသမား ညာဖက်ကို အပြင်းကန်သွင်းနိုင်ခဲ့ပါတယ် ။
နောက်ဆုံးပန်နယ်တီမှာတော့ Danger အသင်းမှ တိုက်စစ်မှုး singletonခေါ်ရဲကိုကိုဦးမှ လှပစွာကန်သွင်းနိုင်ခဲ့ပါသော်လည်း နောက်ဆုံးပန်နယ်တီကို ကွင်းလယ်ဗိုလ်ချုပ်မှာကန်သွင်းနိုင်ခဲ့တဲ့ အတွက်
BLack Eagle united မှ ၃း ၂ ဂိုးဖြင့် KlM ဖလားကြီးကိုဆွတ်ခူးရရှိသွားပါတယ်ခင်ဗျား
ဆုဖလားနှင့်ဆုတဆိပ်များကိုတော့ ကိုကြီးမင်းမင်းအောင်ကိုယ်တိုင်ချီးမြင့်ခဲ့ပါတယ် ။ အကောင်းဆုံးဘောသမားဆုကိုတော့ Danger မှ ကို ညီညီနိုင် .ဂိုးသွင်းအများဆုံးဆုကိုတော့ ရဲကိုကိုဦးတို့မှရရှိသွားပါတယ်
ဒီပွဲဖြစ်မြောက်ရေး အတွက် ကူညီပံ့ပိုး ပေးတဲ့ ကိုစိုင်းနှင့် ကို ကျောက်လုံး ခေါက်ဆွဲဆိုင်. ကိုစိုင်းထွန်း၂နိင် (kaluga shop) . မှတ်တမ်းတင်ရိုက်ကူးပေးတဲ့ ကိုကြီးမင်းမင်းအောင် နှင့် စင်ရော်မောင်မောင်လှိုင် .. မနားမနေပြုစုပေးတဲ့ ဆေးမှုး ကိုစိုင်းနဲ့စည်သူဇော် . အားပေးကြတဲ့ ပရိသတ်အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ် ခင်ဗျား
CNn sport journalist (PapawaDi)
ဆက်လက်ဖတ်ရူရန်..!
Posted by
tarkyi
at
9:06 AM
0
သုံးသပ်ချက်များ ရေးခဲ့ပါ..
Monday, July 20, 2009
အသင်းလိုက် ရပ်တည်မူ အခြေအနေ
အသင်းလိုက် ရပ်တည်မူအခြေအနေကို အောက်မှာ ဇယားလေးနဲ့ကြည့်ရူနိင်ပါတယ်.....
ဆက်လက်ဖတ်ရူရန်..!
Posted by
tarkyi
at
1:44 PM
19
သုံးသပ်ချက်များ ရေးခဲ့ပါ..
Labels: အသင်းလိုက် ရပ်တည်မူ အခြေအနေ
Sunday, July 19, 2009
ပွဲစဉ် ၇(၁၉.၀၇.၂၀၀၉) CK United ၄ - ၀ Охотники သုံးသပ်ချက်
ဒီနေ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ CK United အသင်းက Охотники ကို ၄ ဂိုး၊ ဂိုးမရှိနဲ့ အနိင်ရရှိခဲ့ပါတယ်… Охотники အသင်းဟာ ပွဲစဉ် ၃ နဲ့ ပွဲစဉ် ၅ နစ်ပွဲစလုံးမှာ ရှုံးနိမ့်ထားတဲ့ အသင်းဖြစ်ပါတယ်… CK United အသင်းကတော့ အရင်ပွဲစဉ် ၂ ခုမှာ ၁ ပွဲရှုံး ၊ ၁ ပွဲ သရေ ရရှိထားတဲ့အသင်းဖြစ်ပါတယ်.. ဒီနေ့ပွဲစဉ်မှာ CK United အသင်းဟာ ဗိုလ်ပွဲသို့တက်ရောက်ရန်မျှော်လင့်ချက်ကလေးနဲ့ ပွဲစဉ်စကတည်းက တစ်ဖက်သင်းကို ဖိအားပေးကစားခဲ့ပါတယ်.. ပွဲစဉ်စပြီး ၂ မိနစ်ကျော်ကျော်မှာပဲCK ရဲ့ အရှေ့တန်းတိုက်စစ်မှူး ညီညီအောင်က ဖွင့်ဂိုးကို သွင်းယူခဲ့ပါတယ်. ဒီဂိုးဟာ ပွဲစဉ်တစ်လျှောက်လုံးရဲ့ မြန်ဆုံးသွင်းထားတဲ့ ဂိုးဖြစ်ပါတယ်.. နောက်၁၅ မိနစ်မှာပဲ ဆက်တိုက်ဆိုသလို ညီညီအောင်ကပဲ လှလှပပကန်သွင်းခဲ့ပါတယ်… ပထမပိုင်း မိနစ် ၃၀ ကို ၃ ဂိုး၊ ဂိုးမရှိနဲ့ ပြီးဆုံးခဲ့ပါတယ်… ဒုတိယပိုင်းမှာ CK United အသင်းက ဒေးဗစ်သောင်းအစား သန်းနိင်စိုးက ၀င်ရောက်ကစားခဲ့ပါတယ်… ဒုတိယပိုင်း ၁၀ မိနစ်လောက်မှာပဲ လူစားလဲ ၀င်လာတဲ့ သန်းနိင်စိုးက ထောင့်ကန်ဘောမှတစ်ဆင့် လှလှပပ ခေါင်းတိုက်သွင်းယူခဲ့ပါတယ်…. အခုပွဲမှာ CK United အသင်းက ၄ ဂိုး၊ ဂိုးမရှိနဲ့ အနိင်ရလိုက်တဲ့ အတွက် ဗိုလ်လုပွဲသို့တက်ရောက်ရန် မျော်လင့်ချက်လေးရရှိလာပါပြီ..
မနက်ဖြန် ကစားမည့် ပွဲစဉ် ရဲ့ ရလဒ်ပေါ်မှာလဲ မူတည်နေပါသေးတယ်…. မနက်ဖြန်ပွဲစဉ်မှာ Danger FC အသင်းက BE FC အသင်းကို အနိင် သို့မဟုတ် သရေ ကစားမယ်ဆိုရင်အဖြစ် CK United အသင်း ဟာ ပွဲစဉ် ၁၀ မှာ BE FC နင့်ထိပ်တိုက်တွေ့ဆုံရမည်ဖြစ်ြပီး BE FC အသင်းကို အနိင်ကစားနိင်ပါက ဂိုးကွာခြားချက်နဲ့ ဗိုလ်လုပွဲသို့တက်ရောက်နိင်မှာဖြစ်ပါတယ်… BE FC အသင်း ဟာ ၂ ပွဲကစား ၂ ပွဲ နိင်ထားပြီး ၆ မှတ် ရရှိထားတဲ့ ဒုတိယနေရာက အသင်းဖြစ်ပါတယ်…
မနက်ဖြန်ပွဲစဉ်မှာသာ BE FC အသင်းက Danger FC အသင်းကို အနိင်ကစားလိုက်ရင်ဖြစ် CK United အသင်းဟာ အလိုအလျှောက် အုပ်စုမှ ထွက်ခွာသွားရမှာဖြစ်ပါတယ်.. Danger FC အသင်းကလဲ အရှုံးပွဲမရှိ ဂုဏ်လေးကို ဆက်ထိန်းထားမယ်ဆိုရင်တော့ CK United အသင်းအတွက် မျှော်လင့်ချက်ကောင်းလေးဖြစ်လာမှာပါ…
ဒါကြောင့် မနက်ဖြန် ကစားမည့် ပွဲစဉ်ရဲ့ ရလဒ်ကို စောင့်ကြည့် ကြရအောင်လားဗျာ…………..
ဆက်လက်ဖတ်ရူရန်..!
Posted by
tarkyi
at
11:31 AM
0
သုံးသပ်ချက်များ ရေးခဲ့ပါ..
Labels: ရလဒ်နင့် သုံးသပ်ချက်များ
Saturday, July 18, 2009
ပွဲစဉ် ၆(၁၈.၀၇.၂၀၀၉) DANGER FC & ROYAL FC သုံးသပ်ချက်
DANGER FC ဟာ ဗိုလ်လုပွဲ တက်ရန်သေချာသွားပြီဖြစ်တဲ့
ပွဲစဉ် ၆ မှာ ၆ ဂိုး ၁ ဂိုးဖြင့်အနိုင်ယူလိုက်ကာ ရမှတ် ၉မှတ်ဖြင့် ဦးဆောင်နေလျက်ရှိပါတယ်ခင်ဂျ….ဂိုးများကိုလည်း ပထမပိုင်းမှာ ဂိုးပေါက်မတွေ့တဲ့ အေပီ က ၂ ဂိုး သွင်းတယ်ပေါ့ဗျာ..အဟဲ..ဒုတိယပိုင်းမှာဆော့ ရဲကိုကိုဦး က ၃ ဂိုး ကိုညီညီလှိုင် က ၁ ဂိုး ပေါ့ဗျာ…ဒီဂိုး တွေကို ကိုဖာဂီကြီးနှင့် ညီလေး စူပါစပ်ကဲသို့ အားကိုးရသော မိုက်ကယ်အိုဝင် ခေါ် သန့်ဇော်ဝင်း တို့က ဖန်ပေးတယ်ပေါ့ဗျာ…အကောင်းဆုံးကိုတော့ ဒိုင်လူကြီး ကိုလီနာခေါ်(ချောကြီး) က ကိုညီညီလှိုင် ကိုပေးပါတယ်တဲ့ ဒါ့ကြောင့် အကောင်းဆုံးဆု ကိုညီ ပေါ့ဗျာ…..အဟဲ …ကျွန်တော်တို့ အသင်း ကတော့ ဒိန်းဂျားနော်…အဟဲ..ကြက်ကန်း ဆန်အိုး တိုးနေတာလားမသိဘူး…ပွဲတိုင်းကို နိုင်နေတာပဲ..အဟဲ
ကျွန်တော် ကတော့ ဂိုးသွင်းသူများစာရင်းမှာ ပါနေပါပြီ…မှတ်ချက်…ရမှာမဟုတ်ပါဘူး…အဟီး
CK ယူနိုက်တက်လည်း မနက်ဖြန်မှာ နိုင်ခဲ့မယ်ဆိုရင် မျှော်လင့်ချက် တပုံတပင် ရှိပါသေးတယ်…အဲဒီ အသင်းက တာကြီး(အဒမင်)ဟာ ဘောပွဲကလည်းမနိုင် ချစ်သူကလည်းပြစ်ဆိုတော့ကျွှန်တော့်ဆီကို လာလာပြီးငြီးနေလို့ပါ…တော်ကြာ..အဟဲ…
အားငယ်သူကိုအားပေးတာပါ…ROYALကတော့လစ်ပြီပေါ့ဗျာ..နောက်နှစ်မှာ ကစားသမားကောင်းများကို ၀ယ်မယ်လို့သိရပါတယ်…ဘာလို့လဲဆိုတော့သူတို့ အသင်းကို အေဗရာမိုချစ်(အီသီရိုးပီးယားသူဌေး)က ၀ယ်မယ်လို့သိရပါတယ်..နည်းပြကလည်း မော်ရင်ဟို ကဲ့သို့ပိုင်ကြီး စီမန်ခန့်ခွဲမှုကောင်းပါတယ်…ဒါပေမယ့်ဗျာ…အဟဲ…
ဆရာချစ်ဟာဆိုရင်လည်း အရင်နေ့တွေက ဆံပင်အရှည်နဲ့ ဂိုးမသွင်းနိုင်ဘူး ထင်ပြီး ဘရာဇီး ကဒိုကြီးကဲ့သို့ ဂတုံး နဲ့ဂိုးတွေ ချွတ်မယ်ဆိုပြီးကန်လိုက်တာ ထင်သလိုမဖြစ်လာတော့ စိတ်ဓါတ်ကျပြီး စောစောစီးစီးပြန်မယ်လုပ်လို့ ဒိုင်လူကြီး ကိုလီနာ ချောကြီး က ဒရော့ဘာလို ပွဲပယ်ခံရမယ် ဆိုလို့ပြန်လှည့် လာပါတယ်…အဟဲ..အောင်မိုး(ရော်ဘင်ဟို)ကတော့ သူတို့အသင်းရဲ့ ဘဲဥ ကိုခွဲလိုက်တယ်ပေါ့ဗျာ…၁ဂိုးချေပနိုင်ပါတယ်..တော်တော်ကြိုးစားပါတယ်…နောက်နှစ် ဗီလာ နဲ့တွဲ ကန်ရမှာ လာလီဂါ မှာ.ညီလေး..စိတ်မပူပါနဲ့…
ကျွန်တော့် စာလေးကို ဖတ်ပေးတဲ့ အတွက်ကျေးဇူးပါ…
အစီရင်ခံသူ အေပီ
နစ်နာလိုစိတ်မဂှိပါ….အမှားပါရင် ခွင့်လွှတ်ကြပါရန်
အကိုများ၊ညီငယ်များနှင့်သူငယ်ချင်းများ
ဆက်လက်ဖတ်ရူရန်..!
Posted by
tarkyi
at
1:30 AM
0
သုံးသပ်ချက်များ ရေးခဲ့ပါ..
Labels: ရလဒ်နင့် သုံးသပ်ချက်များ
Friday, July 17, 2009
18.07.2009(သောကြာနေ့) အတွက် ပွဲစဉ်အတွက်သုံးသပ်ချက်
မနက်ဖြန်ကစားမယ့် ပွဲစဉ်ကတော့ Danger Fc နဲ့ Royal Fc အသင်းတို့ ဖြစ်ပါတယ်…မနက် ၁၀ နာရီလောက်မှာကစားမယ်လို့ သိရပါတယ်။ Danger Fc က နှစ်ပွဲကစား နှစ်ပွဲနိုင်ထားတဲ့ အတွက် ဗိုလ်လုပွဲ အတွက်လက်မှတ်ကို သေချာသလောက်ရှိနေပါပြီ..Royal Fc ကို သရေကစားနိုင်ရင်တောင်ဗိုလ်လုပွဲ အတွက် သေချာပြီဖြစ်တဲ့ အတွက် အနာတရမရအောင်ထိန်းသိမ်းကစားသွားမယ်အခြေအနေရှိပါတယ်။တဘက်အသင်းကလဲ နှစ်ပွဲကစား တစ်ပွဲသရေ တစ်ပွဲရှုံးထားလို့ 
ရမှတ် ၁ မှတ်တာ ရရှိနေသောအသင်းဖြစ်တဲ့ အတွက်..စိတ်ဓတ်အခြေအနေအရတော့ တစ်သင်းက ဗိုလ်ပွဲအတွက် တစ်သင်းက သိက္ခာဆယ်မဲ့ အတွက် ဘာပဲဖြစ်ဖြစ် ပွဲကောင်းတစ်ပွဲတော့ဖြစ်လာမယ်လို့ မျော်လင့် မီပါတယ်
ဆက်လက်ဖတ်ရူရန်..!
Posted by
tarkyi
at
12:01 PM
1
သုံးသပ်ချက်များ ရေးခဲ့ပါ..
1 သုံးသပ်ချက်များ ရေးခဲ့ပါ..
Labels: ကြိုတင်သုံးသပ်ချက်များ
အကောင်းဆုံးဆု ပွဲစဉ်လိုက်နှင့် ဂိုးသွင်းထားကြသူများ
ပွဲစဉ်လိုက် အကောင်းဆုံး
ပွဲစဉ် ၁ မှာတော့ အကောင်းဆုးံဘောလုံးသမားဆုကို …ကိုညီညီလှိုင် (DANGER FC)
ပွဲစဉ် ၂ မှာတော့ အကောင်းဆုးံဘောလုံးသမားဆုကို …ကျော်သူအောင် (BE FC)
ပွဲစဉ် ၃ မှာတော့ အကောင်းဆုးံဘောလုံးသမားဆုကို …ရဲကိုကိုဦး (DANGER FC)
ပွဲစဉ် ၄ မှာတော့ အကောင်းဆုးံဘောလုံးသမားဆုကို …ညီညီအောင် ( CK )
ပွဲစဉ် ၅ မှာတော့ အကောင်းဆုးံဘောလုံးသမားဆုကို …ဥာဏ်ပိုင်စိုး ( Охотники )
ပွဲစဉ် ၆ မှာတော့ အကောင်းဆုးံဘောလုံးသမားဆုကို …ကိုညီညီလှိုင် (DANGER FC)
ပွဲစဉ် ၇ မှာတော့ အကောင်းဆုးံဘောလုံးသမားဆုကို …ညီညီအောင် ( CK )
ဂိုးသွင်းထားကြသူများ
၁ ရဲကိုကိုဦး (DANGER)- ၆
၂ ညီညီအောင်(СК) - ၎
၃ ကိုညီညီလှိုင်(DANGER)- ၂
၎ အောင်ဖြိုး(DANGER)-၂
၅ သန်းနိုင်စိုး (СК) - ၂
၆ ကျော်သူအောင်(BE) - ၂
၇ ဖြိုးဇော်(Royal)-၁
၈ အောင်မိုး(Royal) - ၁
အစီရင်ခံသူ
အေပီ(တောင်ပံ)
ဆက်လက်ဖတ်ရူရန်..!
Posted by
tarkyi
at
7:18 AM
1
သုံးသပ်ချက်များ ရေးခဲ့ပါ..
1 သုံးသပ်ချက်များ ရေးခဲ့ပါ..